6{Unicode}

6.2K 406 34
                                    

>မောင်ဂျွန်ဂျောင်ဂု 💙 မောင်ကင်မ်ထယ်ယောင်းတို့၏ မဂ်လာဧည့်ခံပွဲ<

ဒီနေ့ ဂျောင်ဂုသည် ကင်မ်ထယ်ယောင်းကို လက်ထပ်ရတော့မည်ဖစ်၏။ အဖြူရောင် Shirtလက်ရှည်ကို၀တ်ပြီးအနက်ရောက်ကုပ်ကိုထပ်၀တ်ကာ necktieအနက်ရောင်ကိုချီထားသည့် ဂျောင်ဂုမှာ အရင်လိုလူငယ်မဆန်ဘဲ လူကြီးလူကောင်းပီသနေသည်။ရှေ့တွင်ကား ဆံပင်အလယ်ခွဲ၍တဖက်ကို‌ေရှ့ချပြီးတဖက်အားလှန်တင်ထားသည့်ပုံစံက Hollywoodမင်းသားနှင့်ခပ်ဆင်ဆင်။

ဘဲကြီး ခင်ဗျားက ကျွန်တော့ဘ၀ထဲကို၀င်လာပြီး ဖျက်ဆီးတဲ့လူ။ အခုခင်ဗျားဘ၀ကိုကျုပ်ဖျက်ဆီးပြမယ်။

တဖက်ခန်း၌ ကြီးမားသော မှန်ရှေ့တွင်ရပ်နေသောကောင်လေးက ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားဖစ်နေသည်။ သူ ဂျောင်ဂုကိုပိုင်ဆိုင်ရတော့မည်။ အိပ်မက်ထဲ၌အမြဲတွေ့နေရတဲ့မောင်ကို ယခုသူပိုင်တော့မည်။

မောင့်ကိုအရမ်းချစ်တယ်မောင်~ မောင်က ကိုယ့်ကိုဒုက္ခပေးရင်တောင်မှ ကိုယ်ကဆက်ချစ်နေအုံးမှာ။

ဒေါက် ဒေါက်

အတွေးများထဲမြောနေစဉ် တံခါးခေါက်နေသည့်အသံကြောင့် ပြုံးနေသောမျက်နှာအားပြန်တည်ပြီး။

"၀င်ခဲ့"

အခန်းထဲကသံကြားသည်နှင့် ယွန်းဂီနဲ့ ဂျီမင်းအလျှင်မြန်၀င်ကာ...

"အီးဟီး ကိုကြီး ဗြဲ!!!"

ဂျီမင်းတယောက် ငိုရိုပြီး ထယ်ယောင်းကိုယ်ပေါ်အားနှင့်ပြေးဖက်ကာ အသားကုန်ငိုတာကြောင့် ထယ်ယောင်းခဗျာ လန့်ဖြန့်နေသည်။

"ဟာ ညီညီဘာလို့ငိုတာတုံး"

"အီးဟီး ကိုကြီးအရမ်းရက်စက်တယ် ကျွန်တော် ဦးအိမ်မှာသွားနေတာ တညနေနဲ့တရက်ဘဲရှိသေးတာဘလိုလုပ် ကိုကြီးလင်ရသွားတာတုံး အဟင့် ဗြဲ..."

အော် လက်စသက်တော့ ဒီကောင်လေး ကျွန်တော် လင်ရသွားလို့၀မ်းနည်းနေတာကို။

"ဘယ်လိုဖစ်တာလည်း ထယ်ယောင်းရယ် ငါတောင် အိပ်ချင်တဲ့မျက်လုံးက မင်းပြောတဲ့စကားကြောင့် ပြူးသွားတယ်"

မောင်အရမ်းဆိုးတယ်ကွာ{ Complete }Where stories live. Discover now