9{Unicode}

6.2K 374 10
                                    

ခွမ်း...!!!

သောက်နေသော သေရည်ခွက်အားမြေပြင်သို့ရိုက်ခွဲလိုက်သည့် ဤတိုင်းပြည်ရဲ့အရှင်သခင်ဟာ သိပ်ဩဇာကြီးလွန်းသည်ထင်၏။ ဘေးတွင်ရှိသော မူးမတ်များနှင့်အခြွေရံများကလည်း သူတို့အမှားကိုသိသောကြောင့်ခေါင်းငုံနေကြသည်။

"ငါကိုယ်တော်သောက်နေကြသေရည်က အဘယ်မှာမို့လို့ ဒီဆောက်အရသာမရှိတဲ့သေရည်ကို ဆက်သရတာတုံးဟမ်"

"ဟို အရှင်... အရှင်သောက်နေကြသေရည်ကကုန်..."

ရွှမ်းးး

"အမလေး"

ဆင်ခြေဆင်လက်ပေးနေသော ထိုကျွန်ကိုဂျောင်ဂုလက်ထဲတွင်ရှိနေသောဓားရှည်ဖြင့်လည်ပင်းအားခုတ်ဖြတ်လိုက်သည်။

"ကျန်တဲ့လူတွေမှတ်ထား ငါကိုယ်တော်သောက်နေကြ လုပ်နေကြအရာတွေက လိုအပ်လို့ဘေးမှာအဆင်သင့်ရှိမနေရင် ဒီလိုအသေဆိုးနဲ့စေရမယ် နားလည်ကြလား!"

"နားလည်ပါတယ်အရှင်"(All)

♡(> ਊ <)♡♡(> ਊ <)♡♡(> ਊ <)♡

ယနေ့ကား ဂျောင်ဂု‌၏အကြံပေးအမတ်ကြီး တနယ်တကျေးသွားမှာဖစ်တဲ့တွက် သူ၏(အမတ်ကြီး) သားတော်အား ကိုယ်ရံတော်ဖြင့်ဘေးတွင်ထားစေလိုမည်ဖစ်သည်။အမတ်မင်း ဂျောင်ဂုအားအရိုသေတချက်ပြုပြင်းသည်နှင့်

"အရှင် ကျတော်မျိုးပြောခဲ့တဲ့တိုင်း အရှင့်လုံခြုံရေးတွက် ကျတော်မျိုးသားတော်အားထားခဲ့စေလိုပါတယ်အရှင်"

"ခေါ်လိုက်"

"အမိန့်တိုင်းပါအရှင်... ကင်မ်ထယ်ယောင်း၀င်လာခဲ့"

ပွင့်သွားသောတံခါးအဆုံးတွင် ခေါင်းမော့ကာ၀င်လာသည့်ယောက်ျားတစ်ဦး~ ကျယ်ပြန့်သောရင်အုံနှင့်မှမလိုက် သူ၏မျက်နှာသည်က မိန်းမတစ်ဦးလိုချောမောနေသည်ကအမှန်။ ဂျောင်ဂုရင်ဘက်ရှိခုန်နေသောကောင်အားလက်ဖြင့်ဖိနေသည်။

'ငါဘာဖစ်နေတာလည်း ‌ယောက်ျားချင်းရင်ခုန်နေတာလားဟ'

"အရှင် တစ်ခုခုများဖစ်လို့လား"

ထွက်လာသည့်အသံက ကြီးမားသောလူကောင်နှင့်မှမလိုက်နူးညံ့လွန်းသည်။ ရှည်လားသောမျက်တောင်ဆင်းနေသောနှာတံအောက်ရှိ ဆေးဆိုးစရာမလိုဘဲဖူးပြီးနီရဲနေသော နှုတ်ခမ်းလေးကြောင့် ဂျောင်ဂုအကြိမ်ပေါင်းအနည်း တံတွေးမြိုချနေသည်။

မောင်အရမ်းဆိုးတယ်ကွာ{ Complete }Where stories live. Discover now