"ပြန်တော့မောင်"
"မပြန်ဘူးကွာ"
"ဟာ... မပြန်ရင်ဒီမှာအိပ်မလို့လား"
"အင်း အိပ်မယ်"
"မောင်!"
"ဗျာ...ဗျ"
တိုင်းပြည်ရဲ့အရှင်တစ်ပါးက ကလေးဆန်နေတာ လူကြားလို့မှကောင်းကြသေးရဲ့လား။ နေကအနောက်ရပ်ကနေထွက်ချင်ရင်ထွက်မယ် မောင်ကတော့ကျတော့အဆောင်ရှေ့ကနေပြန်မှာမဟုတ်ဘူး။
"မောင်ရယ် ပြန်ပါတော့ကွာ ညကြီးအချိန်မတော် တိုင်းပြည်ရဲ့အရှင်က ယောက်ျားသားအဆောင်ရှေ့လာတာမသင့်တော်ပါဘူး"
"အဟွန်း! မိန်းမသားအဆောင်ရှေ့လာတာမှမဟုတ်ဘဲ မောင်ဒီည အချစ်နဲ့အိပ်မှာ"
ဘုန်း!ဘုန်း ~ ထယ်ယောင်း ဂျောင်ဂုရင်ဘက်အားလက်ဖြင့် ထုလိုက်တော့...။
"အားလား နာလိုက်တာအချစ်ရယ် မောင်ကရိုးရိုးသားသားအိပ်မယ်ပြောတာပါကွာ ဘာလဲ အချစ်က..."
"မောင် တော်သင့်ပြီ မပြန်ချင်လည်းလာအထဲဝင်"
"ဟားဟား ဟုတ်ပါပြီ အယ်~ မောင့်ကိုစောင့်အုံးလေးအချစ်လေးရဲ့ သရဲကြောက်လို့စောင့်ပါအုံးဗျို့!"
ကြီးမားသော ကန်ဘောင်တခု၌ မိန်းမတစ်ဦးဟာရေချိုးနေ၏။ ဖြူဖွေးသောအသားရေက ညရောင်အောက်မှာတောင်ထင်းနေသည် အဂ်လိပ်ဆက်ဖစ်တာကြောင့် ပြာလဲ့သောမျက်လုံး ချွန်နေသော နှာခေါင်း ဆေးဆိုးထားသောနှုတ်ခမ်းတစုံက ယောက်ျားတိုင်းကြွေစရာပင်~
သို့သော် ယခုတွင်သူမ၏မျက်လုံးပြာပြာလေးသည်ကား မလှနေဘဲ သားရဲပမာ တစုံတခုအားအလိုမကျဖစ်နေသည်။ သူမသည် အရှင်ဂျွန်ဂျောင်ဂု၏တစ်ဦးတည်းသော လက်ဆက်ရမည့်မိဖုရား အဲလစ်ဟာနာ ပင်ဖစ်သည်။
"မင်းသမီး အဲလစ်အားခစားကြောင်းပါ"
သူမ၏နားတွင်ကြားလိုက်ရသော အသံကြောင့် အပေါ်အကျီရှည်အားခြုံလိုက်ကာ ကန်ဘောင်ပေါ်မှတတ်လာသည်။ ထို့နောက် ခတ်မာသောအသံဖြင့်...
"ဘာထူးလည်း"
"အရှင်က အခုတလော သူ့ဘေးနားကကိုယ်ရံတော်နဲ့ လိုတာထက်ပိုပြီးအတွဲလာလုပ်နေပါတယ် မင်းသမီး"
YOU ARE READING
မောင်အရမ်းဆိုးတယ်ကွာ{ Complete }
Фанфикшн"အတိတ်ဘ၀ရဲ့ ပါရမီဖြည့်ဖက်က အခုဘ၀မှာ ကျုပ်အတွက်နတ်ဆိုးဘဲ ခင်ဗျားကိုကျုပ်မုန်းတယ်" "မောင်ကမုန်းလေ ကိုယ်ကချစ်လေဘဲ ကိုယ့်သဲငယ်လေးရဲ့" #ချမ်းချမ်း """''''''''"""""''""'"""""""""""""""""""""""" "အတိတ္ဘ၀ရဲ့ ပါရမီျဖၫ့္ဖက္က အခုဘ၀မွာ က်ဳပ္အတြက္နတ္ဆိုးဘဲ ခင္ဗ်...
