17{Zawgyi}

2.4K 68 0
                                        

      

"ဒီ project‌အောင်မြင်သွားတဲ့တွက် ဂုဏ်ယူပါတယ် ကင်မ်ထယ်ယောင်းရှင့်"

"အာ...မဟုတ်တာဗျာ နှစ်ဦးနှစ်ဖက် အဆင်ပြေလို့အောင်မြင်တာပါ"

ကင်မ်ထယ်ယောင်းနှင့် အဲလစ်ဟာနာတို့ သဘောတူစာချုပ်ချုပ်ခဲ့သည့် အကျီဒီဇိုင်းတွေသည် ယခုလူသုံးများလာတာကြောင့် အောင်ပွဲခံသည့်အနေနှင့် အဲလစ်ဟာနာနှင့် ထယ်ယောင်းတို့ Dinnerစားနေချင်းပင်။

"ဒါနဲ့ စပ်စုတယ်လို့မထင်ပါနဲ့နော် ကင်မ်ထယ်ယောင်းက လိင်တူလက်ထပ်ထားတာဆို"

ထိုစကားကြောင့် ထယ်ယောင်းစားနေသည့် ခရင်းနှင့်ဇွန်းကို ချကာ အဲလစ်ဟာနာကိုကြည့်ပြီး

"ဟုတ်ပါတယ် ကျတော်ကလိင်တူလက်ထပ်ထားတာပါ ပြဿနာရှိလို့လား"

"Ohh~ No problem I mean..."

အဲလစ်ဟာနာသည် ကင်မ်ထယ်ယောင်းအနားလာကာ ကင်မ်ထယ်ယောင်း၏ ရင်ဘတ်ကို သူမလက်ဖြင့်ပွတ်သတ်ပြီးလျှင်

"ကျမပြောချင်တာက ယောက်ျားနှစ်ယောက်လက်ထပ်တယ်ဆိုတာ လိင်ကိစ္စမှာ ခံစားမှုမကောင်းဘူးလေ မိန်းမတယောက်နဲ့မှ....."

ဝုန်း...

ထယ်ယောင်းထိုင်နေတဲ့ခုံပေါ်မှထကာ နောက်ကျောတွင်ရှိသော အဲလစ်ဟာနာအားကြည့်ပြီး။

"ခင်ဗျားစကားတွေ ဘောင်ကျော်လာပြီ အဲလစ်ဟာနာ! ကျတော့်အမျိုးသားကလွဲပြီး ကျတော့တွက်ဘယ်အရာမှ ခံစားမှုကောင်းမပေးဘူး ဒီလောက်ပြောရင်သိပါ သွားခွင့်ပြုပါအုံး"

"အဟက် ကျမရှင့်ကိုသဘောကျတယ် ကင်မ်ထယ်ယောင်းရှင့် ကျမကလည်း ကိုယ်မပိုင်ဆိုင်ရရင် အကုန်ဖျက်ဆီးတတ်တဲ့ အကျင့်ရှိတယ် Bodyguard!!!"

အဲလစ်ဟာနာသည် သူမ၏Bodyguardများကိုခေါ်ပြီးသည်နှင့် ကင်မ်ထယ်ယောင်းအား ချုပ်စေသည်။ ထို့နောက် ကင်မ်ထယ်ယောင်းမျက်နှာပေါ်သို့ အ၀တ်ကျလာတာကြောင့် ထယ်ယောင်း အမှောင်ကမ္ဘာသို့ ရောက်ရှိသွားသည်။

'အရင်ဘ၀က ရှင့်ကိုဆုံးရှုံးလိုက်ရပေမဲ့ အခုဘ၀မှာ ရှင်က ကျမတွက်ဘဲ ~မောင်~'

မောင်အရမ်းဆိုးတယ်ကွာ{ Complete }Where stories live. Discover now