19{Unicode}

5.3K 325 16
                                        

"ဖြောင်း!!!"

ဂျီမင်း ဒေါသထွက်လွန်းလို့ ယွန်းဂီပါးအား ရိုက်ချလိုက်သည်။ ဘာဖစ်လို့ ကိုယ့်သွေးသားရင်းကို ဖျက်ချခိုင်းရတာလဲ။

"ဦးမင်ယွန်းဂီ ခင်ဗျားလူစိတ်ကောရှိရဲ့လား ကျတော်ဗိုက်တစ်လုံးရမှ ခင်ဗျားခေါင်းရှောင်ချင်တယ်ဆိုရင်လည်း ပျက်ပျက်သားသားပြော"

"ကျစ်~ ငယ်ကိုယ်ပြောတာကိုလည်း နားထောင်ပါအုံးကွာ အခုငယ်ကသာမာန်မိန်းကလေးတွေလို ကိုယ်၀န်ဆောင်ကတာ မဟုတ်ဘူးလေ ယောက်ျား..."

"ယောက်ျားတယောက်ဖစ်တော့ရောဘာဖစ်လဲ ကျတော့သွေးသား ကျတော့ခန္ဓာကိုယ် ကျတော့ အချစ်တွေကို ပုံအပ်ပြီး ခင်ဗျားကြီးကို ချစ်လွန်းလို့ ယောက်ျားဆိုတဲ့ အရှက်သိက္ခတွေကို စွန့်ပြီး အဟင့်...ဒါကို ခင်ဗျားက...‌တော်ပြီဗျာ"

ဂျီမင်းသည်သူ့ရှေ့တွင် ပိတ်ရပ်ထားသော ယွန်းဂီခန္ဓာကိုယ်အား တွန်းထုတ်ကာ ကားမောင်းပြီး ထွက်သွားခဲ့သည်။

"ငယ်...ငယ်နေအုံးလေ"

--------------

"ဟာ အချစ်ရယ်ဖြေးဖြေးလျှောက်ပါကွာ "

"ဟွန်း ဖြေးဖြေးလျှောက်နေတာဘဲလေ သူ့ဘာသာဗိုက်ကြီးက'လေးနေတာကို"

မအိပ်ချင်သေးတာကြောင့်စံအိမ်ပန်းခြံရှေ့၌ ‌မောင်နဲ့အတူ လမ်းလျှောက်နေခြင်းဖစ်သည်။ကိုယ့်အဖစ်က ကိုယ်၀န်သည်မိန်းမကြီးအတိုင်းဘဲ ယောက်ျားဖစ်သူက ဘေးနားကနေစိတ်ပူပေးနေရတဲ့အဖစ်။

"ဟိဟိ"

စိတ်ကူးထဲမှာ တွေးနေတုံး အပြင်တွင် ထုတ်ရယ်မိသွား၏။

"ဘာရယ်တာလဲအချစ်"

"ဟီး ဘာရယ်မဟုတ်ပါဘူး ဒီတိုင်း..."

"ကိုကြီး အူဝါးဟီးအီးဗြဲ...!!!"

အကြည်စိုက်မယ်ကြည့်သေး ကြားလိုက်ရသည့်အသံကြောင့် ထယ်ယောင်းလိုက်ရှာမိသည်။ တွေ့လိုက်ရတာက

"ညီညီ"

"အူဝါးးးကိုကြီး"

ညီညီက ငိုပြီးပြေးဖက်လာတာကြောင့် ကျတော်နှင့်မောင်အပါ၀င် လန့်ဖြန့်မိသွားသည်။

မောင်အရမ်းဆိုးတယ်ကွာ{ Complete }Where stories live. Discover now