10{Unicode}

6K 457 3
                                    

      ရက်တ္တပတ်ကြာလာတာများသည်နှင့် အရှင်နှင့်ရင်းနှီးမှုကလည်း တနေ့ထက်တနေ့ပိုပိုလာသည်။ အရှင်သည် မိမိအပေါ်တဖြေးဖြေးအတင့်ရဲလာသည်။တခါတလေသူ့နားမှာမရှိလျှင်ကလေးလိုစိတ်ကောက်နေတတ်သည် တခါတလေသူ့ကိုယ်သူ 'မောင်' ဟုသုံးနှုန်းတတ်သည် တခါတလေမဟုတ်တာဆိုလို့ အမြဲတမ်း မိမိပေါ်ခေါ်နေကျ 'အချစ်' ဟူသောနာမ်စားလေးကို မိမိကိုယ်တိုင်လည်းသဘောကျလာ၏။

အခုလည်း သူ(အရှင်) နှင့် နန်းတွင်းမဟာတတိုင်းပေါ်ကနေ၍ လမင်းကြီးကိုနှစ်ဦးစလုံးငှေးကြည့်နေသည်။

"အချစ် ဘာတွေစဉ်းစားနေတာလည်း"

ထယ်ယောင်းပေါင်ပေါ်မှာလှဲနေသည့်ဂျောင်ဂုက ထယ်ယောင်းအားစကားစပြောလာသည်။

"အရှင်... တကယ်လို့နောက်ဘ၀ရောက်ရင် အရှင်အဖစ်ချင်ဆုံးအရာကဘာလဲဟင်"

"အဟက်~ ဘာလို့မေးတာတုံး"

"မသိဘူး ကျတော်လေ အမှန်တိုင်းပြောရရင် ယောက်ျားချင်းရင်ခုန်တယ်ဆိုတာမကြားဖူးပေမဲ့ ကျတော် အို... ဘာမှမဟုတ်တော့ပါဘူး"

"အချစ်..."

"အင်"

"ငါကိုယ်တော်က လိင်တူချစ်နေမိပြီဆိုရင်ရော မင်းလေးလက်ခံမှာလား"

"လက်မခံစရာအ‌ေြကာင်းမှမရှိတာ အရှင့်စိတ်နဲ့အရှင်လေ"

သို့ပေမဲ့ထယ်ယောင်းရင်ထဲ နာကျင်မိသည်။ အရှင်ကလိင်တူချစ်တတ်မိသွားပြီဆိုတော့ သူမဟုတ်ဘဲတခြားတယောက်လားလို့...။

"အချစ်"

"အွန်း"

"ငါကိုယ်တော် မင်းလေးကို ချစ်မြတ်နိုးတယ်"

"ဟင်!"

ထယ်ယောင်းဘာပြန်ပြောရမှန်းမသိလောက်အောင် ပျော်ရွှင်မိတာအမှန်ပါ။ သို့ပေမဲ့ လိင်တူအချစ်ဆိုတာ တိုင်းပြည်မှာမရှိသေးလောက်အောင်ရှားသည်မို့ ထယ်ယောင်းလက်မခံချင် သူ့ကြောင့်နဲ့တိုင်းပြည်ရဲ့အရှင် အပြောခံရမှာမလိုလားပါ သူ့ကြောင့်နဲ့အရှင် အရှက်ရမှာမလိုလားပါ ။ သို့ပေမဲ့ ထယ်ယောင်းကိုယ်တိုင်ကလည်း ဘယ်ချိန်ကမှန်းမသိ အရှင့်ပေါ်ချစ်မိနေမိသည်။

မောင်အရမ်းဆိုးတယ်ကွာ{ Complete }Where stories live. Discover now