3{Unicode}

6.5K 470 15
                                    


"ရပြီ ဒီနားမှာရပ်ပေး"

"ဟင် မောင်ကလည်း ကိုယ်အိမ်ထိလိုက်ပို့ပေးမယ်လေ"

ဆေးခန်းကအပြန် ကိုယ့်ဘာသာပြန်မယ်ဟုပြောသော်လည်း ဇွတ်လိုက်ပို့ချင်နေသည့် ထိုဘဲကြီးကြောင့် လိုက်ပို့ရန်လိုက်လျောပေးလိုက်သည်။ သို့သော်အိမ်ထိတော့မဟုတ် လမ်းထိပ်ထိသာပို့ခိုင်းသည်။ အိမ်ထိကိုသာပြောပြမယ်ဆို ဒီဘဲကြီး ဘာလုပ်မယ်ဆိုတာ မပြောနိုင်ဘူးလေ!။

"ဘဲကြီး ကျုပ်ကိုအဲ့လိုမခေါ်နဲ့လို့ပြောထားတယ်လေ ကျုပ်နည်မည်..."

"ဂျွန်ဂျောင်ဂု"

"..."
ဒီဘဲကြီး ဘယ်လိုလုပ်ငါ့နည်မည် သိတာပါလိမ့် ဒီဘဲကြီးမူမမှန်ဘူး ဝေးဝေးရှောင်မှ။

"အံ့ဩသွားတာလားမောင် ထားပါ... ဒါတွေမောင်နဲ့နောက်တစ်ကြိမ်တွေ့မှ အေးဆေးကိုယ်ပြောပြမယ်"

"နောက်တကြိမ်ဆိုတာ ရှိလာမှာမဟုတ်ဘူး ဘဲကြီး"
ဟုပြောကာ ကျွန်တော်လည်း သူ့ကားပေါ်မှာ အမြန်ဆင်းပြီး လမ်းထဲသို့၀င်သွားသည်။

"အဟက်~ မောင်ဟာလေ အရမ်းအကျင့်ပုတ်တာဘဲ"

********************

"ဦးရေ... ဦး"

"ဘာတုံးဟ ငါမသေသေးဘူး"

တနေကုန် တဦးဦးနဲ့ခေါ်နေသော ဂျီမင်း၏ပါးစပ်အား ယွန်းဂီ တစ်ခုခုနှင့်ဆို့ထားချင်သည်။ အခုလည်း သူများအခန်းတံခါးကိုမခေါက်၀င်လာသည့် ထိုကောင်လေးအား စိတ်ရှိလက်ရှိပိတ်အော်ပလိုက်တော့ ငိုမဲ့မဲ့ဖြင့်။

"ဟင့်...ဦးကလည်း ထမင်းစားဖို့လာခေါ်တာကြီးကို သူများကိုဆို အော်ဖို့ဘဲ လူဇိုးကြီး"

"မင်းအသံအဲ့လောက်ချွဲပစ်နေရအောင် မင်းနဲ့ငါက လင်မယားလား?"

"ဟီး ဟုတ်ချင်လဲဟုတ်မှာပေါ့"

"ဘာ!"

"အယ် ဟုတ်ဘူး သားကဦးကိုချစ်လို့စတာ လာထမင်းသွားစားမယ်"

ဂျီမင်းသည်ယွန်းဂီလက်အား အတင်းအားတမ ဆွဲပြီး ထမင်းစားခန်းထဲသို့ခေါ်လာခဲ့သည်။

သက္ကသိုလ် မိန်းလမ်းမကြီး၏ ချယ်ရီပင်အောက်တွင် ကောင်လေးနှစ်ယောက်ရဲ့ မဖစ်မနေ အခြေနေတစ်ခုအား ရှင်းလင်းရတော့မည်။ ဂျောင်ဂုသိပါတယ် ဆော့မနေ့က မလာဖစ်တဲ့ကိစ္စ‌ေြကာင့် စိတ်မကောင်းဖစ်တော့မယ်ဆိုတာ...။

မောင်အရမ်းဆိုးတယ်ကွာ{ Complete }Where stories live. Discover now