အချက်ပေးသံမြည်လာသည့် ဖုန်းကြောင့်ရိပေါ်
ပိုက်ထားဆဲ ဂစ်တာကို ဘေးချရင်း
ခပ်လှမ်းလှမ်းမှ ဖုန်းကိုလှမ်းယူလိုက်သည်။
ကြည့်လိုက်တော့ Messageတစ်စောင်
ဝင်လာတာဖြစ်ပြီး..(Hi..စားပြီးပြီလား)
ရိပေါ်မျက်နှာတစ်ခုလုံး မဲ့ရူံ့သွားပြီး ထိုစာကို
မမြင်ဖူးသည့်အရာတစ်ခုကို မြင်လိုက်ရသလို
စူးစိုက်ကြည့်နေမိသည်။"ဘယ်က ငကြောင်လဲဟ!"
ပြောပြီး သူ့လက်ညိုးကKeyboardရဲ့
တစ်နေရာတည်း ပေါ်မှာခပ်သွက်သွက်
တရစပ်ပြေးလွှားနေသည်။Sentဖြစ်သွားသည့်
အနည်းငယ်ရှည်သော စာတိုက မည်သည့်
စာလုံးမျှမပါဘဲ လက်ခလယ်Emojiတွေ
ချည်းသာ။ထို့နောက် ဖုန်းကိုအိပ်ယာပေါ်ပစ်ချရင်း
ဂစ်တာကို ပြန်ပိုက်ကာ သီချင်းလေးညည်းနေ
လိုက်သည်။"ရိပေါ်!"
ဒုန်းခနဲ ပွင့်သွားသည့်တံခါးရွက်နဲ့အတူ
သူ့အခန်းထဲ အလောတကြီး ပြေးဝင်လာသည့်
ရှန်းလု။ရိပေါ် အံကိုကြိတ်လို့ အစ်မဖြစ်သူအား
စိတ်မပါလက်မပါ ပြုံးပြရင်း..."ဘာထပ်ဖြစ်ရပြန်ပြီလဲ?"
ချွေးတွေရွှဲနေသည့်အစ်မက သူ့အနားသူခိုး
ခြေလှမ်းနှင့် ဖွဖွလေး ပြေးချလာသည်။
ထို့နောက် သူ့ရှေ့မှာဝင်ထိုင်လို့..."ကျိုးချန်ငါ့ကို messageပို့တယ်။"
"ဘာတွေပို့လိုက်လို့လဲ?"
အစ်မဖြစ်သူပုံစံကိုကြည့်ပြီး နည်းနည်းတော့
စိုးရိမ်စိတ် ဝင်သွားသည်မို့ ရိပေါ်
အလေးအနက်ထား မေးလိုက်မိသည်။
ရှန်းလုက အသက်ကိုဝအောင်ရူရင်း ခဏအမော
ဖြေနေပြီးမှ..."နေ့တိုင်း အပြင်မှာDateကြမယ်တဲ့"
ချက်ချင်း တည်တင်းသွားသည့် ရိပေါ်မျက်နှာက
ထုံလွန်းသည့် အစ်မကို မကျေမနပ်ဖြစ်သွားမှန်း
သိသာသည်။ဘယ့်နှယ့်..အကုန်လာပြောပြ
နေတာလဲ။"အဲ့တာ ရိပေါ်က ပါးပါးကိုလိမ်ကူနော်။
ကျဲ ညနေပိုင်းစာသင်ချိန်မရှိတဲ့နေ့တွေ
ပြန်မလာဖြစ်ရင်လည်း ရိပေါ်က ကျဲကျောင်းရဲ့
Activityတွေမှာ ဝင်ကူနေရတယ်လို့
ညာပေးနော်"
YOU ARE READING
Wait,what?{Completed}
Fanfictionနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း