စားပွဲခုံပေါ်မှ ပန်းရောင်ဗူးလှလှလေးကို လှမ်းတွေ့ လိုက်သည်နှင့် ရှောင်းကျန့်၏ သက်ပြင်းချသံက ကပ်ပါလာစမြဲပင်။အတန်းထဲရောက်တိုင်း
ထိုပစ္စည်းတွေကို ဘယ်နားထားရမယ်မှန်းမသိဘဲ
ကိုင်ထားရတာက အလုပ်တစ်ခုလို ဖြစ်နေတာကြောင့် ထိုသို့ရောင်စုံစက္ကူတွေကို ပုံစံမျိုးစုံ
ခေါက်ပြီး ပိုးကြေးပန်းကြေး ပေးတာမျိုးအား
ရှောင်းကျန့်သဘောမကျပါ။"မင်း မကြိုက်ရင် နောက်မလုပ်ဖို့ပြောလိုက်လေကွာ။"
ကျိုးချန်စကားကို ရှောင်းကျန့်ရုတ်တရက်
ဘာမြှပန်မပြောနိုင်။ကိုယ့်စားပွဲပေါ်မှာ ရှိနေသည့်
ထိုဗူးကိုဆွဲယူလို့ ခုံအောက်ထဲ ထိုးထည့်လိုက်သည်။တစ်ဆက်တည်း ခပ်ကြိတ်ကြိတ်အော်သံ
တို့ကိုပါ ကြားလိုက်ရပြီး ပြတင်းပေါက်နားမှာ
ရှောင်းကျန့်ကိုကြည့်လို့ တစ်ယောက်နှင့်တစ်ယောက် တို့စိစိစကားတွေ ပြောနေသည့်
မိန်းကလေးနှစ်ဉီး။သေချာပေါက် ဒီဗူးပိုင်ရှင်က
သူတို့ပဲဖြစ်သည်။"နှစ်တိုင်း ကျောင်းကိုရောက်လာတဲ့ပထမနှစ်လေး တွေက တအားကဲတာပဲ။ငါတို့တုန်းက
အဲ့လို မဟုတ်ပါဘူး"ကျိုးချန်အပြောမှာ ရှောင်းကျန့်မသိလိုက်ပဲ
လိုက်ရယ်မိသည်။တကယ်လည်း သူတို့ရဲ့
နောက်က ကလေးတွေအားလုံးက အသွက်ကလေးတွေချည်းပင်။"သုံးနှစ်လေကွာ။တစ်နှစ်နဲ့တစ်နှစ် ကမ္ဘာကြီးက
ပြောင်းလဲနေတာ"ခေါင်းငြိမ့်ပြသည့် ကျိုးချန်က သိပ်အားမပါသည့် အပြုံးတစ်ခုပါလက်ဆောင်ထည့်ပေးသည်။
ရှောင်းကျန့်လည်း ရုတ်တရက် လေထုအေးစက်
သွားသလိုခံစားလိုက်ရပြီး ဘာမှဆက်မပြော
တော့ပဲ ပြတင်းပေါက်၏အပြင်ဘက်ကိုသာ
ငေးနေလိုက်တော့သည်။သုံးနှစ်ဆိုသည့် ကာလက ခံစားချက်တွေ
အနည်ထိုင်ဖို့ လုံလောက်တဲ့အချိန်တစ်ခု
မဖြစ်ခဲ့ဘူး ထင်ပါသည်။မလွမ်းရသည့်နေ့
ဆိုတာ မရှိခဲ့သလို၊သတိရသည့်စိတ်ရယ်က
အဝေးကနေ တစ်ခေါက် တစ်လေတော့
ပြန်ငေးကြည့်ချင်သေးသည်။
ပြန်တွေ့ရင် ဘယ်လိုမျက်နှာနဲ့မှ နှုတ်မဆက်ရဲသလို နှုတ်လည်းမဆက်ချင်ပါ။ကိုယ်နဲ့သူ့ကြားက ပြဿနာတွေက ရည်းစားမကျ ဘာမကျနဲ့
အသည်းအသန်ကို ရူပ်ထွေးခဲ့တာမို့ အလှောင်ခံ
ရမှာ ရှောင်းကျန့်ကြောက်သလို ရိပေါ်၏
ဒေါသကိုလည်း ရင်မဆိုင်ချင်။
YOU ARE READING
Wait,what?{Completed}
Fanfictionနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း