အချိန်အားဖြင့် ကိုးနာရီရှိချေပြီ။
အနည်းငယ်အအေးဓာတ်ရှိသော ပတ်ဝန်းကျင်လေးထဲ ရိပေါ်ကတော့ ချွေးတလုံးလုံးနှင့်ပင်။
ပန်းအိုးတွေကို မနိုင်မနင်း မသယ်နေသည့်
ယောက္ခမကြီးကိုကြည့်ပြီး ရိပေါ်အလိုက်တသိ
ကူညီပေးနေမိတာကြောင့် ယောက္ခမကြီးက
အမှတ်တွေ ပိုပေးနေတာတော့ သိသည်။
သို့ပေမဲ့ ဒီအလုပ်တွေက ကျန့်ကောမားမား
မဟုတ်ပဲ တစ်ခြားလူသာဆိုလည်း ရိပေါ်
ကူညီပေးဖြစ်မှာပင်။"ရိပေါ်လေး အရမ်းမောနေပြီ မိန်းမ။နောက်မှ
ထပ်ရွေ့တော့"ရှောင်းပါးပါးက ရိပေါ်ကိုကြည့်ရင်း သူ့မိန်းမ
ဖြစ်သူအား တားသည်။ရှောင်းမားမားက
ပုဝါလေးတစ်ခုယူပြီး ရိပေါ်နဖူးကို မမှီမကမ်း
သုတ်ပေးရင်းမှ..."ဟုတ်တယ်။နားတော့ ရိပေါ်။အန်တီ
ကျန့်ကျန့်ကို ဟင်းကောင်းကောင်းချက်ခိုင်း
ထားတယ်။""ရပါတယ်။အန်ကယ်က စိုက်ခင်းဘောင်
လုပ်ဉီးမှာ မဟုတ်လား။ကျွန်တော်ကူပေး
ချင်တယ်"မိသားစုအတွက် ခြံထွက်အသီးအနှံလေး
စိုက်စားကြသည်ကိုမြင်တော့ ကျန့်ကောတို့
မိသားစုက ကျန်းမာရေးနဲ့ခြွေတာရေးကို
အလေးထားမှန်း သိသာသည်။အခုလည်း
အိမ်ဘေးက မြေကွက်လပ်လေးမှာ မြေကြီးတွေကို ထိုးဆွနေသည့် ရှောင်းပါးပါးကိုကြည့်လို့
ရိပေါ်ပြောလိုက်တော့ အားနာသမှုဖြင့်
လက်တကာကာ ငြင်းကြပြန်သည်။"အလေ့အထမရှိတော့ ပိုပင်ပန်းမယ်။
အန်ကယ်ကဖြေးဖြေးပဲ လုပ်မှာ။ရတယ်သား..""ကျွန်တော့်ကို ပေးပါ။အန်တီနဲ့အန်ကယ်က
အခုတော့ ဟိုအရိပ်မှာ ခဏသွားနားလိုက်ဉီး။
နေကအရမ်းပူတယ်။ကျွန်တော် ဒီတစ်ဘောင်
ပြီးအောင်လုပ်ထားလိုက်မယ်။ညနေမှ ပြန်ဆက်
လုပ်ကြမယ်လေ"အတင်းကြီးပြောယူမှ ရိပေါ်ကို မနိုင်တော့သည့်
အန်ကယ်တို့က စကားနားထောင်စွာ
ခပ်လှမ်းလှမ်းအရိပ်လေးထဲ သွားထိုင်နေသည်။
ရိပေါ် ဉီးထုပ်သေချာဆောင်းလိုက်ပြီး
ထိုမြေတစ်ဘောင်ကို သေချာထိုးမွနေစဉ်
အိမ်ထဲမှ ကျန့်ကော၏ အော်သံစူးစူးက
အပြင်ထိ ပေါက်ထွက်လာသည်။
သိပ်မကြာလိုက်၊အိမ်ပြင်ကို ခုန်ပေါက်ပြီး
ထွက်လာသည့် ရှောင်းကျန့်က ရိပေါ်ရှိရာဆီ
တည့်တည့်ပြေးဝင်လာပြီး သူ့ခါးကို ခြေတံရှည်
တြွေဖင့် ခုန်တက်ကာ ရစ်တွယ်လိုက်တာမို့
ပြုတ်ကျသွားမည်စိုးသည့် ရိပေါ်က ရှောင်းကျန့်
ပေါင်တွေမှဆွဲကာ ထိန်းလိုက်ရသည်။
BẠN ĐANG ĐỌC
Wait,what?{Completed}
Fanfictionနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း