"မင်းလက်က ဘာဖြစ်တာလဲ"
ဘယ်ဘက်လက်တစ်ခုလုံးကို ကြွပ်ကြွပ်အိတ်
ကြီးနှင့် စွပ်ထားသည့် ရှောင်းကျန့်ကြောင့်
ကျိုးချန် အခန်းထဲရောက်ရောက်ချင်း
မေးလိုက်မိခြင်း။သူ့အသံကြားတော့ ဆတ်ခနဲ
ထလာသည့် ရှောင်းကျန့်မျက်နှာက ပြုံးစိစိကိုမှ
အတော်လည်း အူမြူးနေပုံ။"ရောက်ပြီလား?မင်းကိုပြောပြချင်လွန်းလို့
စောင့်နေတာ။မင်းကြားရင် ယုံတောင်ယုံနိုင်မှာ
မဟုတ်ဘူး""အင်း..ဘာဖြစ်လာတာလဲ"
ကုတင်ပေါ်မှ ဖင်တရွရြွဖစ်နေသည့် ရှောင်းကျန့်
ပုံစံက ကလေးလိုက်ဖမ်းနေသည့်အရူးကြီးလို။
လက်ဖဝါးနှစ်ဖက်လုံးက ကွေးလိုက်၊ဆန့်လိုက်
နှင့် အငြိမ်မနေ။စကားပြောရင်း အားပါသွား
သည့်အခါ သူ့ရင်ဘတ်သူလည်း ထုတတ်သေး
သည်။"ရိပေါ်ကလေ..ငါ့ရဲ့ချစ်လှစွာသော ညီမလေးက."
"အင်း.."
"ဟော့ဒီ့လက်ကို.."
ကြွပ်ကြွပ်အိတ်ကြီး စွပ်ထားသည့် လက်အား
ဆတ်ခနဲ ထောင်ပြလာသည့်အခါ ကျိုးချန်
နည်းနည်းတွန့်သွားပြီး ဘာစကားမှ
မတုန့်ပြန်နိုင်။"သူ့လက်လေးနဲ့ ကိုင်သွားတယ်!!!!အား...ဟား..ဟား.."
ကုတင်ပေါ် လူးလိမ့်ပြီး ခြေထောက်တွေမိုးပေါ်
ထောင်လို့ လေထဲကန်ကျောက်နေသည့်
ရှောင်းကျန့်ကို ကြည့်လို့ ကျိုးချန် ဘာပြောရမှန်း
မသိတော့ဘဲ ငေါင်ငေါင်ကြီးသာ ငေးနေမိသည်။"မင်းတွေးကြည့်။ညီမလေးက ငါ့ကို
ကြိုက်နေတယ်လို့ မထင်မိဘူးလား"အတည်ပေါက်ကြီး ရှောင်းကျန့်က သဘောကျ
နေတယ်ဆိုတာ သိရတော့ ကျိုးချန်အပြစ်ရှိသလို
ခံစားလာရသည်။တကယ်ကြီး ချစ်မိသွားကာမှ
ရိပေါ်က ယောင်္ကျားလေး တစ်ယောက်ဆိုတာ
ရှောင်းကျန့်သိသွားရင် လိမ်ညာခဲ့သည့်အတွက်နဲ့သူနဲ့ရှောင်းကျန့်ကြားက ဆက်ဆံရေးလည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သလို၊ရိပေါ်ကလည်း
သူ့အား သက်စေ့ချိန်ထိုးလိမ့်မည်။မတော်လျှင်ရှောင်းကျန့်လည်း စိတ်ဒဏ်ရာရသွားနိုင်
သည်လေ။
YOU ARE READING
Wait,what?{Completed}
Fanfictionနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း