Part 27

8.5K 1.3K 285
                                    

"တောင်းပန်ပါတယ် သူဌေး။ကျွန်တော်
ကူညီပေးနိုင်တော့မယ် မထင်ဘူး"

ရှောင်းကျန့်၏ ယတိပြတ်အငြင်းစကားမှာ
ကုရူမျက်နှာ ကွက်ခနဲပျက်သွား၏။ထို့နောက်
တစ်စုံတစ်ခုကို ဆုံးရူံးရတော့မည့်လူလို
သူ့မျက်ဝန်းတွေက ချက်ချင်းမှိုင်းညို့သွားပြီး
စားပွဲပေါ် တင်ထားမိသော ရှောင်းကျန့်၏
လက်တွေကို အားကိုးတကြီး လာဆုပ်ကိုင်
လာသည်။

"ရှောင်းကျန့်ပဲ ကိုယ့်ကို ကူညီနိုင်မှာ။
ကိုယ့်အကြောင်းတွေ ဘာမှတောင်နားမထောင်
ရသေးပဲ အဲ့လိုမငြင်းပစ်လိုက်ပါနဲ့"

ကယ်ရာမဲ့နေသည့်လူလို ကုရူက သူဌေးဆိုသည့်
ဂုဏ်ပုဒ်ကိုပင် မေ့လျော့စွာ ရှောင်းကျန့်အား
အသနားခံသည်။သို့ပေမဲ့ ဒီအချိန်မှာ
သနားစရာအကောင်းဆုံးဟု ခံစားမိသည်က
ကိုယ့်ကိုကိုယ်ပင်။

စောနက ရိပေါ်၏စကားကြီးက နားထဲ
ပဲ့တင်ထပ်လို့နေသည်။လိုက်သွားချင်ပေမဲ့
ဒီသူဌေးက သူ့အားသံယောဇဉ်မဖြတ်ပေး။
ရိပေါ်နှင့် ကိစ္စကိုလိုက်ဖြေရှင်းကူပါမည်ချည်း
လုပ်နေလို့ ရှောင်းကျန့်တားရသေးသည်။

အထင်လွဲတာမို့ ပြန်ဖြေရှင်းရင် အဆင်ပြေသွားမည် ဆိုပေမဲ့ ရှောင်းကျန့်စိတ်တွေက ဒီမှာ
ရှိမနေတော့ပါ။

ဆိုတော့ ဒီသူဌေးကို အမြစ်အမြန်ဖြတ်ပေးမှ
ရမည်။

"အဲ့တာဆို ကျွန်တော့်ကို ပြောစရာရှိတာအမြန်
ပြောပါ"

ကုရူက သက်ပြင်းချရင်း တစ်ခုခုကိုလေးနက်စွာ
တွေးနေသည်။ထို့နောက်မှာတော့...

"ကိုယ်..ကိုယ့်ရည်းစားဟောင်းကို ပြန်လိုက်ချင်တယ်။ကိုယ့်အမှားတွေကြောင့် သူက ကိုယ့်ကို
လုံးဝကြည်မှာ မဟုတ်ဘူး။ကိုယ့်မျက်နှာ
မြင်တာနဲ့ စုတ်ပြတ်နေအောင်ဆွဲထိုးမှာ
သေချာတယ်။အဲ့တော့ အဲ့လိုမဖြစ်အောင်
ဒီက ရှောင်းကျန့်ကိုနည်းနည်း အသုံးချချင်လို့"

ကုရူစကားမှာ ရှောင်းကျန့်က သူ့ကိုယ်သူ
လက်ညိုးပြန်ထိုးကာ မျက်ခုံးပင့်ပြသည်။
ခေါင်းငြိမ့်ပြကာ အတင်းသနားစရာပုံစံ
လုပ်ပြနေသော သူဌေးကိုကြည့်ပြီး
စိတ်ပျက်လက်ပျက် စုတ်သပ်လိုက်ချင်ပေမဲ့
မဖြစ်သေး။

Wait,what?{Completed}Tempat cerita menjadi hidup. Temukan sekarang