ကမ်းပေးလာသော ရေဗူးက မျက်စိရှေ့ရောက်နေ
ပေမဲ့ ရိပေါ်ဆွဲယူမသောက်မိ။ဘယ်ကိုမှန်းမသိ
ငေးနေသော သူ့မျက်ဝန်းတွေက အတွေးများ
နေဟန်..."ရိပေါ်.."
ပခုံးကိုလာပုတ်မှ စိတ်အစုံက လက်ရြှိပန်ရောက်သည်။သူငယ်ချင်း၏ သံသယမျက်ဝန်းတွေကို
အဖြေလည်း ပေးမနေချင်တော့။သူကိုယ်တိုင်
တောင်ဘာဖြစ်နေလဲ မသိတာ။"စိတ်ညစ်စရာရှိလို့လား။မင်း ဝင်လည်း
မဆော့ဘူး"ရေဗူးကိုနှုတ်ခမ်းဝမှာတေ့လို့ သောက်ဖို့ပြင်ကာနီး ခေါင်းရမ်းပြလိုက်မိသည်။အရင်က
ကွင်းထဲရောက်တာနှင့် တက်ကြွနေသည့်ရိပေါ်က
အခုတော့ ထိုသို့မဟုတ်။"မနက်ဖြန်ဆို ကျောင်းကဖွင့်တော့မှာ။လာပါကွာ
ဒီတစ်နေ့လေး ဆော့ရအောင်"ပြောရင်းဆိုရင်းမှ သူ့ခြေထောက်နားလိမ့်လာသည့် ဘောလုံးကလေး။ကွင်းထဲမှ သူငယ်ချင်းက
မေးဆတ်ပြလို့ အလားတူမေးခွန်းကိုပဲထပ်မေး
လာပြန်သည်။ရိပေါ်တကယ်ဘာဖြေရမှာလဲ မသိတော့။
"ငါ..အိမ်ပြန်တော့မယ်။နည်းနည်း နေမကောင်း
ချင်သလိုဖြစ်နေလို့။မင်းတို့ပဲဆော့လိုက်တော့။"လွယ်အိတ်ကိုကောက်လွယ်လို့ ကွင်းထဲမှထွက်ခဲ့
လိုက်သည်။ရူပ်ထွေးနေသော စိတ်တွေက
အနားယူလိုက်လျှင်တော့ အဆင်ပြေမည်
ထင်ပါသည်။"ဟိတ်!"
ရှေ့တည့်တည့် ခုန်ထွက်လာသည့်လူတစ်ယောက်ကြောင့် ရိပေါ်နောက်ကိုအလန့်တကြား ဆုတ်ကာ
ပြန်ခုခံဖို့အသင့် အနေအထားမှာ။သို့ပေမဲ့
ပြူးနေသောယုန်သွားတွေနှင့် အပြုံးတစ်ခုကို
မြင်လိုက်ရသည့်အခါ သက်ပြင်းသာချမိသည်။"ဘယ်လိုရောက်လာတာလဲ?"
"ကိုယ် ရိပေါ်အိမ်ကိုသွားတာ။ဉီးလေးနဲ့တွေ့တော့
ဒီဘောလုံးကွင်းဆီသွားတယ် ပြောတာနဲ့
လိုက်လာတာ။ရော့.."လက်ထဲထည့်ပေးလာသည့် ဓာတ်ဆားရေဗူးလေးကြောင့် ရိပေါ်ရှောင်းကျန့်အား ကြည့်ပြီး
သူ့အောက်နှုတ်ခမ်းကို ဖိကိုက်သည်။
VOCÊ ESTÁ LENDO
Wait,what?{Completed}
Fanficနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း