ရှေ့မှဆန်ပြုတ်ပန်းကန်ကို ကြည့်လို့ရိပေါ်
မျက်နှာထက်မှာ နားမလည်ခြင်းတွေက
အထင်းသား။သို့ပေမဲ့ ရိပ်မိပုံမပေါ်သော
ရှောင်းကျန့်ကတော့ ရိပေါ်သောက်ရမည် ဆိုသော ဆေးတွေနှင့်တစ်ယောက်တည်း
အလုပ်ရူပ်လျှက်ရှိသည်။"ကျန့်ကော။ကျွန်တော် မဖျားဘူးလေ"
"ကျစ်!ကလေးဆိုး လုပ်မနေနဲ့။စားပြီး ဆေးသောက် ရမယ်"
မျက်စောင်းလေးနှင့်စုတ်သပ်ကာ ကလေး
တစ်ယောက်ကိုဆူသလို ဆူလာသည့်အခါ
ရိပေါ်ပို၍ပင် အူကြောင်ကြောင်ဖြစ်သွားရပြီ။ဒီအစ်ကိုကြီးIQကို ရိပေါ်ဘယ်တော့မှ
လိုက်မမှီခဲ့ဘူး။သူ့ခေါင်းထဲ အကြံအစည်ပေါင်းစုံနဲ့ မြင့်မားတဲ့တွေးခေါ်မှုပေါင်းစုံကို အမြဲ
ရိုက်သွင်းထားတတ်လို့ တစ်ခုခုဆို သူ့အပြုအမူတိုင်းကို ရိပေါ်နှစ်ခါနှစ်ခါပြန်စဥ်းစားရသည်။"ကျွန်တော် တကယ်မဖျားဘူး။ညက ပင်ပန်း
သွားရုံပဲ"ထိုအခါမှ 'ဟုတ်လို့လား'ဆိုသည့် အကြည့်မျိုးနှင့်
လူကို မယုံသလိုကြည့်လာသည်။ရိပေါ်
ခေါင်းငြိမ့်လို့ အဆင်ပြေကြောင်းပြတော့မှ
သက်ပြင်းလေးချကာ စိတ်လျော့သွားတော့၏။"အဲ့တာဆိုလည်း ပြီးတာပဲ။တစ်ခုခုဆို မရှက်ပဲ
ကိုယ့်ကို ပြောနော်!"လာပြန်ပြီ လိုက်မမှီတဲ့စကားတွေ။ရိပေါ်
မျက်လုံးတွေကိုမှေးပစ်ပြီး ရှောင်းကျန့်အား
စိုက်ကြည့်နေတော့ ခေါင်းတငြိမ့်ငြိမ့်နှင့်
အနားမှထသွားပြန်သည်။"ဟုတ်ပြီ။ဟုတ်ပြီ။အဆင်ပြေတယ်ဆိုလည်း
မပြောနဲ့တော့။ဒါပေမဲ့ ဒါကရှက်စရာကိစ္စ
မဟုတ်ဘူးဆိုတာ ရိပေါ်သိတယ်မဟုတ်လား""ကျွန်တော်က ဘာလို့ရှက်ရ.."
"ဟုတ်ပါပြီ။ရိပေါ်က မရှက်ပါဘူး။အဲ့ကိစ္စ
စိတ်ထဲ အများကြီးထည့်မထားနဲ့။ကိုယ့်တာဝန်သာ ထားလိုက်။ပြောတာ နားလည်လား"ရှောင်းကျန့်ကိုကြည့်ရင်း ရိပေါ်လည်ပင်းတို့
အနည်းငယ်စောင်းငဲ့ကုန်သည်။ဘယ်ထောင့်ကကြည့်ရင် အခုပြောနေတာတွေကို နားလည်
နိုင်မလဲ?
VOCÊ ESTÁ LENDO
Wait,what?{Completed}
Fanficနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း