Part 26

8.3K 1.3K 145
                                    

"ဒါက..."

ရှောင်းကျန့်နှုတ်ခမ်းမှ ဝါကျအပြည့်အစုံ
မထွက်လာနိုင်။သပ်ရပ်သော ခြံဝန်းလေးနှင့်
ချစ်ဖို့ကောင်းသော နှစ်ထပ်အိမ်လေးတစ်လုံးက
သူ့မျက်စိရှေ့မှာ နတ်ဖန်ဆင်းသလို ရှိနေသည်။
ကားကွင်းကနေ ဒီကိုခေါ်လာသည့် ရိပေါ်က
ဘာကြောင့်ဆိုတာလည်း မပြော။

"ဒါက ကျန့်ကောနဲ့ကျွန်တော့်ရဲ့ အိမ်လေ။
ပါးပါး လက်ဖွဲ့ထားတာ"

"ဟမ်?"

ရှောင်းကျန့် အံ့သြလွန်း၍ အာမေဋိတ်သံသာ
ထွက်နိုင်၏။ရိပေါ်ကတော့ သူ့အားပြုံးကြည့်ပြီး
သူတို့နှစ်ယောက်၏ အိမ်လေးကို နှစ်ခြိုက်စွာ
ငေးမောလျှက်မှ..

"ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဆေးရောင်
ရွေးထားတာ။မိုက်ရဲ့လား?"

အောက်​ထပ်ကို အနီရောင်သုတ်ထားပြီး
အပေါ်ထပ်က အစိမ်းရောင်။အုပ်ကြွပ်မိုးလေးနှင့်
နေချင့်စဖွယ်လေးဖြစ်ပြီး အဝါရောင်
ဝရံတာလေးက အပေါ်ထပ်မှာ ရှိနေသေးသည်။

မသိလျှင် ကလေးကစားကွင်းက အိမ်လေးလိုလို။

"သဘောမကျဘူးလား"

ငြိမ်နေသည့် ရှောင်းကျန့်ကြောင့် ရိပေါ်က
စိုးရိမ်စိတ်ဖြင့် လှမ်းမေးလာသည်။အံ့သြသွား
စေဖို့အတွက် အသိမပေးပဲ ကိုယ့်စိတ်ကူးနဲ့ကိုယ်
လုပ်လိုက်မိတာ မှားပြီလားဆိုသည့် အတွေးက
သူ့ခေါင်းထဲ ပူထူသွားစေသည်အထိ။

သို့ပေမဲ့ အိမ်လေးကို မော်ကြည့်နေရင်းမှ
ရှောင်းကျန့်က ခပ်ရေးရေးလေး ပြုံးလာပြီး
ရိပေါ်ပါးတစ်ဖက်အား ဖြတ်ခနဲလှမ်းနမ်းလိုက်ကာ..

"အရမ်းသဘောကျတယ်"

ကြောင်အနေသည့် ရိပေါ်က အတန်ကြာမှ
သတိဝင်လာပြီး ရှောင်းကျန့်အား ပြုံးပြလာသည်။

"တော်သေးတာပေါ့။ကျန့်ကော မကြိုက်မှာစိုးနေတာ"

"အိမ်လေးက အရမ်ချစ်ဖို့ကောင်းတာပဲ။
ကိုယ့် ကလေးလေးက တော်လိုက်တာ"

"ကျန့်ကော အလုပ်ရပြီဆိုတာနဲ့ ကျွန်တော့်မှာ
သုံးရက်အတွင်း ဒါလေးဖြစ်အောင်မနည်း
အချိန်လုပြီး လုပ်ရတာ"

Wait,what?{Completed}Where stories live. Discover now