Part 4

10.5K 1.8K 145
                                    

ကလင်၊ကလောင်နှင့် အသံစူးစူးကြီးက
မနက် ငါးနာရီလောက်ကြီး ရုတ်တရက်
ထွက်ပေါ်လာသည်။တစ်ခါမှမကြားခဲ့ဖူးသည့်
အသံကြီးမို့ အဆောင်နေကျောင်းသားများ
လန့်ဖြန့်ပြီး ထထိုင်မိသည်အထိ။

"ဘာဖြစ်တာလဲ။မီးသတိပေးတာလား"

"အာ..တောင်းပန်ပါတယ် စီနီယာ။ကျွန်တော်
နိုးစက်Alarmပေးထားမိတာ"

မျက်နှာသစ်ပြီး ရေစက်လက်နှင့် သူ့အခန်းထဲမှ
ထွက်လာပြီး တောင်းပန်စကား ဆိုသည့်
ရှောင်းကျန့်။အဆောင်ခန်း၏ နံရံတွေက
အရမ်းပါးသည်ကို ရှောင်းကျန့် မေ့သွားသည်။
အိပ်မက်ဆိုးမက်ပြီး လန့်နိုးနေတာ ကြာပြီ
ဆိုပေမဲ့ Alarmပိတ်ဖို့မေ့သွားရသည်မို့
အခုတော့ တစ်ဆောင်လုံး ပွက်လောရိုက်လေပြီ။

ကျောင်းပိတ်ရက်မို့ အိမ်ပြန်သူများ၍သာ
တော်တော့သည်။မဟုတ်လျှင် စိတ်ဆတ်သည့်
စီနီယာတွေဝိုင်းထိုးတာ ခံရတော့မှာ။
သူအကျိုးအကြောင်း ပြောလိုက်ကာမှ
အားလုံးက သက်ပြင်းချလို့ ကိုယ့်အခန်းထဲကိုယ်
ဝင်သွားကြပေမဲ့ ရှောင်းကျန့်တို့ အခန်းဘေးမှ
စီနီယာတို့က သူ့ကိုမကြည်သလိုကြည့်နေသေး
တာမို့ သွားသာဖြဲပြမိသည်။

"ဘာလုပ်မလို့ အစောကြီးAlarmပေးထား
တာလဲ။စနေ နေ့လေးအေးအေးဆေးဆေး
အိပ်မို့ပါဆိုကွာ။ဒါနဲ့ မင်းအခန်းဖော်က မနိုး
ဘူးလား"

"သူအိမ်ပြန်သွားတယ် စီနီယာ။ကျွန်တော်ပဲ
ကျန်ခဲ့တာ။ဒီနေ့ ချိန်းထားတာလေးရှိလို့
ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်
အစောထလိုက်တာ။"

"သြ..ကောင်မလေးနဲ့ ချိန်းထားတာလား"

ပြုံးစိစိနှင့် ခေါင်းငုံ့သွားသည့် ရှောင်းကျန့်ကြောင့် စီနီယာက တအံ့တသြရေရွတ်ရင်း..

"ဘယ်က ကောင်မလေးလဲ။ငါ့လည်း
ချိတ်ပေးပါဉီး"

"အာ..အဲ့လိုတော့လည်း မဟုတ်ပါဘူး။ကျွန်တော်
သူ့ကို မဖွင့်ပြောရသေးဘူး။ဒါပေမဲ့ လုံးဝ
သေချာတယ်။သူလည်း ကျွန်တော့်ကို ပြန်ကြွေ
နေတယ်ဆိုတာ။"

"အဲ့တာများ ဘာလို့ဖွင့်မပြောသေးတာလဲ
ငါ့ကောင်ရ!"

ဘန်းခနဲလက်မောင်းမှနေ လှမ်းရိုက်လို့
ပြောလိုက်သည့် စီနီယာကြောင့် ရှောင်းကျန့်ကိုယ်လေး နည်းနည်းပင် ဟန်ချက်ပျက်သွားရသည်။
သူ့ဗလကြီးနဲ့ မညှာမတာ...

Wait,what?{Completed}Donde viven las historias. Descúbrelo ahora