Part 22

10K 1.6K 224
                                    

နေရထိုင်ရသည်က တစ်ဉီးနှင့်တစ်ဉီး အဝေးကြီး
ဆိုပေမဲ့ အယောက်နှစ်ဆယ်လောက် ညှပ်ထားသလို ရှောင်းကျန့်နေရထိုင်ရခက်လျှက် ရှိသည်။

အကြောင်းကား သူ့ဘေးလာထိုင်နေသည့်
ဘဘဂျီးကြောင့်။စားပွဲရှည်ကြီး၏ ထိပ်မှာ
ဝမ်ကျိရှောင်က ထိုင်နေတာဖြစ်ပြီး
ရှောင်းကျန့်နှင့်ရိပေါ်က တစ်ဖက် ရှန်းလုတို့
သားအဖက တစ်ဖက်ဖြစ်သည်။

စားချင်စဖွယ် ဟင်းအမယ်တွေကိုကြည့်လိုက်တိုင်း ဘဘဂျီး၏ မျက်နှာပဲပြေးမြင်ကာ
မထိရဲ၊မတို့ရဲ ဖြစ်ရသည်။ထမင်းစားပွဲလာပြီး
တရားခံစစ်နေသလို လက်တွေကိုပိုက်ကာ
ထိုင်ခုံနောက်ကျောမှီရင်း ရှောင်းကျန့်အား
စိုက်ကြည့်နေတာမို့ အသက်ပင်ဝဝမရူရဲ။

"ကျန့်ကောဖို့..."

ပန်းကန်ထဲ အသားတုံးလေးဉီးချလာသည့်
ရိပေါ်ကို စိတ်လိုလက်ရပြုံးပြမိသည်။
သူ့အပြုံးတွေကိုကြည့်ရင်း ရိပေါ်က
သူ့အနားအသာလေး ကပ်လို့...

"ဉီးလေးကို ဉီးချလိုက်ဉီး"

'ကိုင်ထားတဲ့ ခက်ရင်းနဲ့ ကိုယ့်ဗိုက်ကိုယ် ထိုးလိုက်'ဟု ​ပြောလိုက်တာမှ ဖြေသာဉီးမည်။
အခုတော့....

တစ်မိသားစုလုံး၏ ထောက်ခံမဲကို ရှောင်းကျန့်
ရထားသည်ဆိုပေမဲ့ ဒီခေါင်ကြီးက အတော်
အရေးပါဟန်တူသည်။ရိပေါ်လို မျက်နှာလို
မျက်နှာရ မလုပ်တတ်တဲ့လူကတောင်
ထိုဉီးလေးကို ဖားပေါင်း,ပေါင်းဖို့ တိုက်တွန်း
သည်ဆိုတော့ အတော်ကို ဟုတ်နေပြီ။

အားယူသည့် သက်ပြင်းကိုချလို့ နီးရာဟင်းခွက်ကို လက်လှမ်းလိုက်သည်။ဇွန်းနဲ့ခပ်လိုက်သည့်
အသားတုံးကို ဉီးလေးဆိုသူပန်းကန်ထဲ
ထည့်ပေးဖို့ပြင်လိုက်သည့်အခါ...

"ငါ ဝက်သားအဆီမစားဘူး။!"

သြဇာအပြည့်ပါသော အသံသြသြကြီးက
နားထဲဆူးချွန်နှင့် ထိုးလိုက်သည့်နှယ်။
အားနာပါးနာတောင် ဧည့်ဝတ်မကျေတတ်သည့်
အဖိုးကြီးနှင့်၊ရှောင်းကျန့် အူပုံဒူပုံကတော့
ရှေ့လျှောက် အပေါက်အလမ်းတည့်တော့မည်။

"အာ..ဉီးလေးက အဆီအစိမ့်လုံးဝမစားဘူး။
လက်ဝှေ့သမားဆိုတော့ ကျန်းမာရေးနဲ့
ညီညွတ်တာပဲစားတယ်"

Wait,what?{Completed}Where stories live. Discover now