ညို့ယူမှုအားပြင်းသော ရိပေါ်မျက်ဝန်းတွေက
အနည်းငယ်ပြုံးရိပ်သန်းလို့နေသည်။သူ့ခါးကို
ဆုပ်ကိုင်ထားသော ရိပေါ်လက်တို့က
အင်္ကျီအောက်လျှိုဝင်လို့ အနည်းငယ်ပွတ်သပ်
လာသည့်အခါ ရိပေါ်ပခုံးပေါ်ထင်ထားမိသည့်
ရှောင်းကျန့် လက်သီးဆုပ်လေးတို့မှာ တင်းခနဲ။"ရိပေါ်...မဟုတ်မှ..."
ထိုစကားကိုပြောရမှာ ရှက်လွန်း၍ ရှောင်းကျန့်
တစ်ယောက် မျက်မှောင်လေးကျုံ့လိုက်၊
မျက်နှာလေးမဲ့လိုက်နှင့် ဖြစ်နေသည်။
ထိုအမူအယာလေးတွေကိုပင် ရိပေါ်စေ့စပ်စွာ
လိုက်ငေးကြည့်နေမိရင်းမှ..."မဟုတ်မှ ဘာဖြစ်လဲ"
ပြောပြီး အနည်းငယ်ငုံ့ချင်ချင်ဖြစ်နေသည့်
ရှောင်းကျန့်မျက်နှာလေးကို မေးဖျားမှ
ဆွဲယူကာမော့စေလိုက်သည်။အကြည့်ချင်း
ထပ်တူကျသွားသောအခါ လှရက်လွန်းသော
မျက်ဝန်းလေးတွေက ရိပေါ်ကိုကြည့်လာသည်မှာ
တုန်ရီစွာနှင့်...."မ..မဟုတ်မှ..."
"....."
"မင်း ကိုယ့်ကို မြှူဆွယ်နေတာလား?"
အဓိပ္ပာယ်က သိပ်မကွဲပေမဲ့ဒီလိုမေးခွန်းပုံစံမျိုးနဲ့
ရိပေါ်ကို ခဏတာတော့ ငြိမ်သွားအောင်
ရှောင်းကျန့်က သပ်ချလိုက်သေးသည်။
ကိုယ့်ကိုကိုယ် ဘာလုပ်နေမှန်း မေ့သွားရသည်အထိ ရှောင်းကျန့်စကားအပေါ် ရိပေါ်စက္ကန့်ပိုင်း
လောက် အဓိပ္ပာယ်ကောက်ပြီးမှ..."အဲ့လိုဆိုရင်ရော...ကျန့်ကော ဘယ်လိုလုပ်မလဲ"
"အာ..မဖြစ်ဘူး"
ရိပေါ်ပခုံးတို့ကို တွန်းထုတ်လို့ သူ့ပေါင်ပေါ်
ထိုင်မိထားသည်မှ အတင်းထကာ ငြင်းဆန်
လာသည်။ကုတင်အောက်ဆင်းသွားသည့်
ရှောင်းကျန့်က ကြောင်အနေဆဲရိပေါ်ကိုကြည့်ပြီး အသက်ကိုခပ်ပြင်းပြင်းရူသွင်းလိုက်သည်။
လက်သီးဆုပ်တွေကို တင်းတင်းဆုပ်လို့
အလေးအနက်ထားကြည့်လာပုံက တစ်ခုခုကို
ပြင်ဆင်နေဟန်..."ကိုယ်ပြောမယ် ရိပေါ်။ရိပေါ်အသက်က အခုမှ
နှစ်ဆယ်ပြည့်ရုံပဲ ရှိသေးတာ။မဟုတ်တဲ့
အတွေးတွေ မတွေးရဘူး။ပြီးတော့ကိုယ်တို့က..."
YOU ARE READING
Wait,what?{Completed}
Fanfictionနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း