မျက်လုံးလှလှလေးတွေ၏ အကြည့်က သူ့အား
အမူပိုကာချွဲနေသလိုထင်ရသည်။လှလွန်းသော
မျက်နှာလေးကိုကြည့်ရင်း ဒီအချိန်ဆွဲဖက်နမ်း
လိုက်သင့်ပေမဲ့ မျက်နှာအမြန်လွှဲရင်း အန္တရာယ်အား ရှောင်တိမ်းရပြန်သည်။"ဘာလို့..အဲ့လို..ဖြစ်ချင်ရတာလဲ?"
ကျန့်ကောကိုချစ်ရတာ ကမ်းပါးစောင်းမှာ
လမ်းလျှောက်နေရသည့်လူလို ရင်တလှပ်လှပ်၊
ဒူးတတုန်တုန်။ဘယ်အချိန်မှာ ရိပေါ်ဘဝက
ချက်ချင်းခေါက်ရိုးကျိုးသွားမလဲ မသိနိုင်ပါ။ထိုမျှထိ သူ့ကောင်လေးက ပေါက်ကရ
လုပ်လွန်းသည်။အခုလည်း...."ကိုယ်က ယောင်္ကျားလေး။ပြီးတော့ ရိပေါ်ထက်
အသက်ကြီးတယ်။ပိုပြီးလည်း ရင့်ကျက်တယ်။
အဲ့တော့ အိမ်ဉီးနတ်က ကိုယ်ဖြစ်သင့်တယ်လေ"ကျိုးကြောင်းဆီလျော်စွာရှောင်းကျန့်၏ ဖြေရှင်းချက်မှာ ခဏတော့ တွေးတောခန်း
ဝင်လိုက်ပြီးနောက် ကလေးလေးက ချက်ချင်း
ခေါင်းငြိမ့်လာသည်။အဲ့လောက်မြန်မြန်
နားလည်ပစ်လိမ့်မယ်လို့ တကယ်ကိုထင်မထား။
အံ့သြလွန်းလို့ ရှောင်းကျန့်ပါးစပ်တွေပွင့်ဟ
သွားပြီး ရိပေါ်အား ပြူးကြည့်လာသည်။အနည်းဆုံးတော့ အိပ်ယာထဲအထိရောက်အောင်
ရှင်းပြရမယ်ထင်ထားတာ။"ရတယ်။ကျန့်ကောစကားက မှန်တာမလို့
ကျန့်ကောက အိမ်ဉီးနတ်ပဲ။""တ..တကယ်နော်!"
"ဒါပေါ့။ညာစရာလား"
"အိုက်ယား။ငါ့ကောင်လေးက ပါးနပ်လိုက်တာ။
အရမ်းကိုထူးချွန်ထက်မြက်ပြီး ဉာဏ်ကောင်း
လွန်းလို့ ဒီကကောကောက ချစ်လို့မဝတော့ဘူး"ရိပေါ်ကို ဘေးတစောင်းအနေအထားမှ
သူ့လက်တွေနှင့်ဖက်တွယ်လာပြီး ပခုံးစွန်းလေးပေါ် မေးတင်လို့ ပြုံးပြသည်။လိုချင်တာ
ရသွားသည့် ကလေးလေးများလို အပြစ်ကင်းသော မျက်လုံးလေးဟာ တောက်ပလျှက်..."ကျန့်ကောတောင်းဆိုမှု ပြီးဆုံးသွားပြီဆိုတော့
ကျွန်တော့်ကို စိတ်ဆိုးပြေပြီမဟုတ်လား""ဒါပေါ့။သေချာပေါက်ပေါ့။"
"ဒါဆို..."
နှုတ်ခမ်းတွေကိုရှေ့ထော်ပေးလိုက်သည့်အခါ
ရှောင်းကျန့်က ခေတ္တခဏတော့ကြောင်ကြည့်နေသေးသည်။နောက်မှ ဉာဏ်အလင်းထပွင့်ပြီး
ရိပေါ်မျက်နှာကို သူ့လက်ဖဝါးတွေနှင့်
ဆုပ်ကိုင်လို့ ထော်ထားသည့်ရိပေါ်၏ နှုတ်ခမ်းအား အသာလေးထိကပ်ပေးလာသည်။
YOU ARE READING
Wait,what?{Completed}
Fanfictionနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း