ခေါင်းပေါ်မှာ ထောင်နေသည့် ဆံပင်လေးတွေကို
ကြည့်ရင်း ရိပေါ်ရယ်လိုက်မိသည်။အခုထိရေမသုတ်ရသေးသော ခန္ဓာကိုယ်လေးမှာ
ရေစက်လေးတွေက ဟိုတစ်စ၊ဒီတစ်စ စီးကျလျှက်။အခုထိ ငိုင်နေဆဲ ကျန့်ကောကိုကြည့်လို့
ချော့မြူပြီး အားပေးစကားပြောရမည့်အစား
ရိပေါ် ရယ်ပဲရယ်ချင်နေသည်။"အဲ့လောက်ကြီးလည်း စိတ်ထိခိုက်မနေပါနဲ့။
အခုလိုကြတော့ ဖွင့်ပြောပြီးသား မဖြစ်သွား
ဘူးလား"တုန့်ပြန်မှုမရှိသော ရှောင်းကျန့်အနား ရိပေါ်
တိုးကပ်သွားရင်း အေးစိမ့်မှုအပြည့်ရှိသော
ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲနစ်အောင်
ဖက်ထားလိုက်သည်။ဆပ်ပြာနံ့လေး သင်းနေသည့် လည်တိုင်လေးအား အနမ်းတစ်ပွင့်ချွေလို့"ကျန့်ကောမိဘတွေက လက်ခံမှာပါ။
ကျန့်ကောကို ဒီလောက်ချစ်တဲ့ဟာ။ကျွန်တော့်ကို
တွေ့ရင် ပိုတောင်ချစ်သွားဉီးမယ်"သူ့ခါးစပ်မှ အင်္ကျီစတွေကို ရှောင်းကျန့်က
ခပ်တင်းတင်းလေး ဆွဲဆုပ်လာပြီးနောက်
သက်ပြင်းလေးအသာချသည်။"မားတို့ခွင့်ပြုပါ့မလား ကိုယ်မသိဘူး။
ကိုယ်က Gayပါဆိုတာ ဖွင့်ပြောလိုက်ပြီး
ကတည်းက အဲ့အကြောင်းနဲ့ပတ်သတ်ပြီး
စကားမစဖြစ်တာ အခုထိပဲ။"ရိပေါ် ရှောင်းကျန့်ကိုရင်ခွင်ထဲမှထုတ်လို့
ကြည်စင်နေသော မျက်နှာလေးအား
သူ့လက်ဖဝါးတြွေဖင့် ထွေးဆုပ်လိုက်သည်။
သူ့ခါးပေါ်မှ ရှောင်းကျန့်လက်တွေက ပြေလျော့
မသွားတာကြောင့် သူတို့နှစ်ယောက်လုံး၏
ဝင်လေထွက်လေမှန်သမျှကို တစ်ယောက်နဲ့
တစ်ယောက် ခံစားမိသည်အထိ။"ကျွန်တော်တို့ မိဘတွေကို အတိအလင်း
အသိပေးကြမယ်လေ။လက်ခံအောင်ကြိုးစား
ပြီးသွားလို့ရှိရင် ကျွန်တော်နဲ့ကျန့်ကောနဲ့
အေးဆေးနေလို့ရပြီ"သူ့ကိုသာငေးကြည့်နေပြီး ရှောင်းကျန့်က
ခွန်းတုံ့မပြန်။နှာတံစင်းစင်းလေးအပေါ်
ရိပေါ်နှုတ်ခမ်းတွေထိကပ်လို့ အနမ်းချွေရင်း
ထပ်လောင်းငုံခဲမိသည်က အေးစက်နေသည့်
နှုတ်ခမ်းပါးလေးဆီ။
YOU ARE READING
Wait,what?{Completed}
Fanfictionနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း