မနက်စာစားဖို့ ရိပေါ်အောက်ဆင်းလာချိန်
ထမင်းစားခန်းထဲမှ အစ်မဖြစ်သူ၏ ရယ်သံသဲ့သဲ့ကို ကြားလိုက်ရသည်။သူ့ရည်းစားနှင့် ပြောနေသည်မို့ ရိပေါ် အောက်ကိုဆက်ဆင်းသင့်လား၊
မဆင်းသင့်လား ခဏလောက်စဉ်းစားပြီး
လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်မိသည်။ဒီအချိန်မှ မနက်စာမစားရင် ကျောင်းနောက်ကျ
တော့မည်ဖြစ်တာကြောင့် ထမင်းစားခန်းထဲကိုသာ တန်းဝင်လိုက်သည်။အစ်မဖြစ်သူက
သူ့အားမြင်သည်နှင့် မျက်ခုံးတစ်ဖက်ပင့်ပြလို့
ဖျော်ပြီးသား ကောက်ဖီတစ်ခွက် ရှေ့တိုးပေးသည်။ရိပေါ်အတွက် ပေါင်မုန့်ကို ထောပတ်သုတ်ပေးနေရင်း လက်ထဲမှဖုန်းကို ဘယ်နားထား
ရမှန်း မသိဖြစ်နေသည့် အစ်မ။ရိပေါ် မျက်စောင်းသာ ထိုးလို့ပခုံးနှင့်နားရွက်ကြား ဖုန်းညှပ်ဖို့
လုပ်နေသည့် သူမလက်ထဲမှ ဖုန်းအား
ဆောင့်ကြီးအောင့်ကြီး ဆွဲယူကာ Speaker
ဖွင့်လို့ ရှေ့တိုးကိုင်ပေးထားလိုက်သည်။ရယ်ကျဲကျဲနှင့် ရှန်းလုက ကျိုးချန်နှင့်
ရေပက်မဝင် စကားတွေပြောနေပြီး ခဏလေး
သုတ်ရသော ထောပတ်ကို အပြန်ပြန်အလှန်လှန်
သုတ်နေပြန်သည်။သူတို့ပြောသည့် စကားတွေကလည်း ဘာမှရေရေရာရာ၊ထူးထူးခြားခြား
ရှိမနေ။စိတ်ပျက်စရာRs lifeကြီးက အီးပါတာကအစ လိုက်ပြောနေတာမို့ တစ်ယောက်တည်း
နှာခေါင်းသာ ရူံ့လိုက်မိသည်။"ကျိုးချန်လည်း ကျန်းမာရေး ဂရုစိုက်နော်။
ရှန်းလုနဲ့ မတွေ့ရမဲ့ ၅နာရီအတွင်း နေမကောင်း
မဖြစ်နဲ့။ကြားလား"အမူပိုသော ရှန်းလုက ရိပေါ်ရှေ့မှာထိုင်နေသေးသည် ဆိုတာကိုပင် သတိရပုံမပေါ်တော့။
"ရှန်းလုစကားဆို ကိုယ်က နားထောင်ပြီးသား။
သြ..မေ့တော့မလို့။ကိုယ် ရှန်းလုကို ညနေ
သုံးနာရီအရောက် လာတွေ့လို့ဖြစ်တယ်မဟုတ်လား"ရုတ်တရက် စူပုပ်သွားသော ရှန်းလုမျက်နှာက
အလိုမကျသည့်သဖွယ်။တစ်နာရီလေး
နောက်ကျတာကို အသေရစ်ဉီးမှာ သိတော့
ရိပေါ် ရှန်းလုလက်ထဲမှပေါင်မုန့်ကိုဆွဲယူကာ
ဖုန်းကို စားပွဲပေါ်ချပေးလိုက်သည်။
YOU ARE READING
Wait,what?{Completed}
Fanfictionနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း