ထိုင်ခုံပေါ်မှာ လှုပ်စိစိဖြစ်နေသည့်ရှောင်းကျန့်ကို
အင်တာဗျူးမည့်အမျိုးသမီးကြီးနှင့် အမျိုးသား
နှစ်ယောက်က ကြောင်စီစီဖြင့်ကြည့်နေသည်။
ဘယ်အချိန် ရှောင်းကျန့်ငြိမ်မလဲ၊ငြိမ်မလဲ
စောင့်နေတာ အတော်ကြာပြီ။သို့ပေမဲ့
ထိုကလေးက ခုံပေါ်မှာလှုပ်ရွနေတုန်း။"အဆင်ပြေရဲ့လား?"
သူ့ပုံစံကြောင့် အမျိုးသမီးကြီးက ဂရုတစိုက်
မေးလာသည်။ရှောင်းကျန့် သူလှုပ်နေသည်ကို
သတိထားနေကြမှန်း သိသွားရပြီးမှ
ထိုအမျိုးသမီးကြီးအား ပြုံးပြရင်း..."အဆင်ပြေပါတယ် ကျဲကျဲ"
အသက်အရွယ်အားဖြင့် လေးဆယ်ကျော်၊
ငါးဆယ်နား ကပ်နေသည့် ထိုအမျိုးသမီးကြီးက
ရှောင်းကျန့်သုံးနှုန်းလိုက်သည့် နာမ်စားမှာ
အတော်သဘောကျသွားမှန်း သိသာသည်။
နှုတ်ခမ်းထောင့်လေး အပေါ်သို့ကွေးညွှတ်စွာ
ပြုံးရင်း ရှောင်းကျန့်အား အမှတ်တွေပိုပေးနေမှန်း အသိအသာကြီး။ဒီလိုဆိုတော့ အဆောင်မှာကျန်ခဲ့သည့် ချစ်သူလေးသင်ပေးသော နည်းနာတွေက အတော်လေး
အလုပ်ဖြစ်မှန်း သိလိုက်ရသည်။ရှောင်းကျန့်က
တန်ဖိုးကြီးလေးကို ရထားတာပဲ .."အဲ့တာဆို အင်တာဗျူးစမယ်နော်"
ရှောင်းကျန့် ခေါင်းသာငြိမ့်ပြလိုက်မိသည်။
ခဏတာတော့ အောက်ပိုင်းမှ ဝေဒနာကို
လစ်လျူရူလိုက်ရင်း အင်တာဗျူးဖြေကြားဖို့ကို
အသင့်။ရှောင်းကျန့်၏ CV formကို ဟိုလှန်၊
ဒီလှန် လှန်ကြည့်နေကြပြီး ထို့နောက်မှာတော့
သူ့အမှတ်စာရင်းဆီ ရောက်သွားသည်။ပြူးလိုက်၊ကျဉ်းလိုက်ဖြစ်နေသည့် ထိုလူတွေ၏
မျက်ဝန်းတွေက ရှောင်းကျန့်၏ အမှတ်စာရင်းတွေ အပေါ် အံ့သြနေပုံ။"နေပါဉီး။နောက်ဆုံးနှစ်ကြမှ အမှတ်တွေက
အရမ်းကောင်းနေတယ်။တတိယနှစ်ထိ
ဘာလို့ အောင်မှတ်ပဲရတာလဲ?"ရှောင်းကျန့်၏ အပြုံးနုနုလေးက ချက်ချင်း
ပေါ်လွင်လာသည်။အဓိပ္ပာယ်အပြည့်နှင့်
ယုံကြည်မှုရှိလွန်းနေသော သူ့ပုံစံကိုကြည့်လို့
လူကြီးတွေက အဖြေစကားအတွက်
စိတ်ဝင်တစားရှိလို့နေသည်။
ESTÁS LEYENDO
Wait,what?{Completed}
Fanficနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း