Part 10

11.8K 1.9K 173
                                    

ပန်းကန်ဆေးရင်း ဘေးနားမှာတင်ထားသော
ဖုန်းကိုတကြည့်ကြည့်လုပ်နေသည့် ရှောင်းကျန့်ကြောင့် မားကသက်ပြင်းချသည်။စားပြီးသား
ပန်းကန်တစ်ချို့ကို ထပ်ယူပြီး ရှောင်းကျန့်
အနားသွားကာ..

"အရေးကြီးရင် သွားလုပ်လေ။မားဆေးလိုက်မယ်"

"ရတယ်မား။အရေးမကြီးပါဘူး။သူငယ်ချင်းကို
စာပို့ထားတာ။အဲ့တာ ပြန်မဖြေသေးလို့"

"သူငယ်ချင်း ဟုတ်လို့လား။သားကြိုက်နေတဲ့
ကောင်လေးလား"

ပလုတ်ပလောင်းသံနှင့် ပါးကအရိပ်အကဲမသိ
လှမ်းပြောချလိုက်သည့်အခါ မား၏မျက်စောင်းနှင့် သတိပေးခြင်းခံလိုက်ရသည်။ချက်ချင်း
ငြိမ်သက်သွားသော ရှောင်းကျန့်သည်ကား
ပန်းကန်ဆက်ဆေးဖို့ပင် သတိမရတော့...

"ကဲ..ဒီပုံနဲ့ပန်းကန် ဆက်ဆေးရင် ကွဲတော့မှာ
သေချာနေပြီ။လက်ဆေးပြီး သွားနားတော့။"

ရှောင်းကျန့်လေး တကယ်ပန်းကန်ဆက်ဆေးချင်စိတ် မရှိတော့တာမို့ လက်ရေဆေးပြီး ဖုန်းကို
ကောက်ကိုင်လို့ ဧည့်ခန်းဘက် ထွက်လာခဲ့
လိုက်သည်။သူ့ကို လိုက်ငေးကြည့်နေသည့်
မားက ရှောင်းကျန့်အတွက်စိတ်မကောင်းဟန်...

ဟိုတစ်နေ့က ရှောင်းကျန့်ကယောင်္ကျားလေး
တစ်ယောက်ကိုကြိုက်နေသည်ဟု ဖွင့်ပြော
လာတော့ သူမစိတ်ထဲအတော်ကိုထိခိုက်ရသည်။
အကြောင်းကား သူမသား Gayဖြစ်ခြင်းကြောင့်
စိတ်ထိခိုက်ရတာမဟုတ်ပဲ ရှောင်းကျန့်က Gay
အဖြစ်လောကကြီးကို ဆက်ပြီးအံတုနိုင်ပါ့မလား
ဆိုသည့်အတွေးကြောင့်ပင်။

သူမရဲ့သားဖြစ်တည်မှုကို သူတို့မိဘနှစ်ယောက်က ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် လက်ခံ
ပေးနိုင်သည်။သားသမီးအတွက် မိဘနှစ်ပါးက
တံတိုင်းတစ်ခုပေပဲမို့ သူမတို့၏ ရင်သွေးကို
ကိုယ်တိုင်မှမကာကွယ်ပေးလျှင် ဘယ်သူက
ကာကွယ်ပေးမှာတဲ့လဲ။အစကတည်းက
လက်ညိုးတစ်ချောင်းထထိုးလိုက်ဖို့ သိပ်ကို
လွယ်လွန်းသည့် ပတ်ဝန်းကျင်မှာ ရှောင်းကျန့်၏
စိတ်ကို ဒဏ်ရာရသွားစေမှာမျိုးကို သူမ
အကြောက်ဆုံးပင်။

Wait,what?{Completed}Hikayelerin yaşadığı yer. Şimdi keşfedin