"ရိ..ရိပေါ်။အစ်မချိုင့်ကလေး တွေ့မိသေးလား"
ငိုကြီးချက်မနှင့် အနားကပ်လာသည့် အစ်မ
ဖြစ်သူကြောင့် ရိပေါ်မသိဟန်ဆောင်ကာ
အူတူတူနှင့်ပင် ခေါင်းရမ်းပြလိုက်သည်။"အာ...အဲ့ချိုင့်က ဘယ်ရောက်သွားတာလဲ။
အခုမှဝယ်လာတဲ့ဟာကိုး....."ခုန်ပေါက်ပြီး ငိုနေသည့်အစ်မကိုကြည့်လို့ ရိပေါ်
ထိုအနားမှ အမြန်လစ်ထွက်လာခဲ့လိုက်သည်။
ဒီလောက်သည်းပြနေပုံထောက်ရင် ရိပေါ်
သူ့ချိုင့်ယူသွားတယ်ဆိုတာ ပေးသိလို့မဖြစ်။
ရှန်းလုက သူ့ပစ္စည်းတိုင်းကို အရမ်းရိုသေသည်။
ပြီးတော့ တစ်ခြားလူ သုံးတာလည်းမကြိုက်။
သုံးတာမိသွားလျှင်လည်း သူမထုထောင်းတာကို
ကောင်းကောင်းခံရလိမ့်မည်။ဖုန်းကိုအမြန်ထုတ်လို့ ရှောင်းကျန့်ဆီဖုန်းခေါ်လိုက်သည်။တစ်ဖက်မှ ချက်ချင်းကိုင်ပြီး
ခပ်မြူးမြူးအသံလေးကို တစ်ဆက်တည်းကြားလိုက်ရသည်။"Hello..ဘာပြောစရာရှိလို့လဲ ရိပေါ်"
"ဟို...ထမင်းချိုင့်ကို"
"...."
"ပြန်မပေးနဲ့။သိမ်းထားလိုက်တော့။ပြီးတော့
ဘယ်သူမှမကိုင်စေနဲ့။ဘယ်သူမှ မမြင်လေ
ကောင်းလေပဲ။ပြောတာ သိလား.."ပြန်ဖြေဖော်မရသည်က မိနစ်ဝက်လောက်ကြာသည်။ဖုန်းချသွားသည်ထင်ပြီး ရိပေါ် နားနားမှာ
ကပ်ထားသည့်ဖုန်းကို ခွာလို့ သေချာကြည့်ယူ
ရသေးသည်။သို့ပေမဲ့ ဖုန်းချသွားတာလည်း
မဟုတ်။"Hello..ကျန့်ကော။ကျန့်ကော"
"ဟင်..အင်း။ပြော..ပြောလေရိပေါ်"
"ဘာဖြစ်တာလဲ။နေမကောင်းသေးဘူးလား"
"မဟုတ်ပါဘူး။ဒီအတိုင်း ရိပေါ်က လက်ဆောင်ပေးတယ် ဆိုတော့ အပျော်လွန်ပြီး ဘာစကား
ပြောရမှန်း မသိတော့တာ"ရှောင်းကျန့်၏ အဖြေမှာ ရိပေါ်နှစ်နှစ်ခြိုက်ခြိုက်
ပြုံးမိသည်။ဘာကိုမှ မကွယ်ဝှက်ပဲ စိတ်ထဲ
ရှိတဲ့အတိုင်းလျှောက်ပြောတာ သူ့အကျင့်ပဲလား။
ဘာပဲဖြစ်ဖြစ် သဘောကျချင်စရာကောင်းတာတော့ အမှန်ပင်။
YOU ARE READING
Wait,what?{Completed}
Fanfictionနေကြပါဉီး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း နကွေပါဦး...ငါ့နုနုအိအိ ပုစိစိလေး ဘယ်ရောက်သွားတုန်း