Scroll down for Zawgyi.
Unicode
လီစီးနျန်ဟာ သူ၏ညီဖြစ်သူနှင့် ဘ၀တစ်လျှောက်လုံး ပြိုင်ဆိုင်တိုက်ခိုက်ခဲ့သည်။သူ့မိသားစုရဲ့စည်းစိမ်ဥစ္စာ ၊ သူ့မိဘတွေရဲ့အာရုံစိုက်မှု ၊ ပြီးတော့ ...... သူက ချစ်ပြီး သူ့ကို မချစ်တဲ့ အဲဒီလူ ..........
တိုက်ခိုက်ရင်း တိုက်ခိုက်ရင်းနဲ့ပဲ ရှာတွေ့ခဲ့ရတာက သူဟာ လူပြက်တစ်ယောက်သာဖြစ်တယ်ဆိုတာပင်။
သူ့ညီက သူ လိုချင်တဲ့ အရာမှန်သမျှကို ဘာမှလုပ်စရာမလိုဘဲရနိုင်သည်။ဒါကြောင့် လီစီးနျန် သူ ဘယ်လောက်ပဲ ကြိုးစားလုပ်ကိုင်နေပါစေ အဆုံးသတ်၌ သူ့တွင် ကောင်းမွန်သည့် နိဂုံးတစ်ခုရှိလာမှာမဟုတ်ပေ။
သူ သေဆုံးတဲ့နေ့ရောက်တဲ့အချိန်ကျမှ သူ သိလိုက်ရတာဟာ သူ အသက်ရှင်သန်နေထိုင်ခဲ့တဲ့ ကမ္ဘာကြီးက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်၀တ္ထုတစ်ပုဒ်ဖြစ်နေသည်။သူ့ညီငယ်လေးက လူတိုင်း အသည်းစွဲ ဇာတ်လိုက်လေးဖြစ်ကာ သူကတော့ ဇာတ်လိုက်ကို ထင်ရှားအောင်လုပ်ပေးမည့် လူယုတ်မာအမြောက်စာလေးဖြစ်သည်။
လီစီးနျန် ခါးသက်စွာ ပြုံးလိုက်မိသည်။
အံ့သြစရာမရှိတော့ပါဘူး ......လီစီးနျန် သေဆုံးသွားခဲ့သည်။သို့သော် သူ့မျက်လုံးတွေ နောက်တစ်ကြိမ် ပြန်ဖွင့်လာပြီး ဒုတိယအကြိမ် သူ သတိလစ်သွားခဲ့သည်။
သူ ပြန်လည်မွေးဖွားလာခဲ့သည်။သူ ပြန်လည်မွေးဖွားလာတဲ့နှစ်က သူ ကောလိပ်ကနေ ဘွဲ့ရပြီးခါစ ၊ မိသားစုစည်းစိမ်ဥစ္စာတွေအတွက် အမွေလုပွဲစတင်တဲ့အချိန် ၊ ၀မ်းနည်းစရာ အဖြစ်ဆိုးတွေအားလုံး ဘာမှမဖြစ်ပျက်ရသေးခင်။
သူ့ရဲ့အရင်ဘ၀တုန်းက ရလဒ်တွေကို စဉ်းစားကြည့်၍ လီစီးနျန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်။အမှားအမှန်တွေကနေ ဝေးဝေးနေထိုင်ကာ ပုန်းကွယ်သွားရန်။ဒီဘ၀မှာတော့ လီမိသားစုနဲ့တကွ လီမိသားစုထဲရှိ အရာရာတိုင်းကို ကန့်လန့်မတိုက်ဖို့က အကောင်းဆုံးဖြစ်သည်။
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်လေးတစ်ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》
RomanceOriginal ~ ချုံရှင်းဟုတ် ဝေါ်ကျစ်ရှန်ရှန်းယွီ English ~ အာဖတာ ရီဘတ်ဒ် ၊ အိုင် ဂျက်စ်ဝမ့် တူဘီအေ ဆော့စ်တက်ဖစ်ရှ် Author ~ သျောင်းသျောင်းဇစ်