Scroll down for Zawgyi.
Unicode
နေ့လယ်ခင်းတွင် လီစီးနျန်က စားသောက်ဆိုင်သို့ သွားခဲ့သည်။လူတန်းရှည်ကြီးက ယခင်နေ့ရက်နှင့် ထူးမခြားနား။အရင်ကထက် ပိုပင် ရှည်လာသယောင်။
ဒီလိုကြိတ်ကြိတ်တိုး အဖြစ်မျိုးကို တစ်ခါ မြင်ဖူးထားစရှိလေတော့ လီစီးနျန် မည်သည့်နှယ့်မျှမနေ။ဝယ်သူတွေရဲ့ မျှော်တလင့်လင့် မျက်လုံးရွှဲကြီးတွေအောက်၌ လီစီးနျန် လက်ရေးကြေညာစာတစ်ခုအား စားသောက်ဆိုင်တံခါးတွင် ကပ်လိုက်သည်။
||| ချစ်လှစွာသော စားသုံးသူများခမျာ ၊ ကျွန်တော်တို့၏ ဆိုင်နေရာ ၊ ကုန်ကြမ်းပစ္စည်းပမာဏ ၊ စားဖိုမှူးအရေအတွက်တို့သည် အကန့်အသတ်ရှိနေပါသဖြင့် ဝယ်သူအယောက်စေ့၏ ဟင်းလျာမှာယူမှုကို မဖြည့်ဆည်းပေးနိုင်ပါ။ ယနေ့ကစ ကျွန်တော်တို့စားသောက်ဆိုင်ဟာ နေ့လယ် ၂၅ ဝိုင်း ၊ ည ၂၅ ဝိုင်းနှုန်းနှင့် တစ်နေ့လျှင် စုစုပေါင်း စားပွဲဝိုင်း ၅၀ ကိုသာ လက်ခံမည်ဖြစ်သည်။ စားသုံးလိုသော ဝယ်သူများအနေနှင့် အချိန်ကြိုတင်တန်းစီပေးကြပါခင်ဗျာ။ လူကြီးမင်းတို့၏ နားလည်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည် |||
မျှော်လင့်ထားတဲ့အတိုင်း ကြေညာစာ ကပ်ပြီးပြီးချင်းပင် ရှေ့တန်းမှာစီနေတဲ့သူတွေပဲဖြစ်ဖြစ် ၊ နောက်တန်းမှာစီနေတဲ့သူတွေပဲဖြစ်ဖြစ် လူအားလုံးခမျာ ဒေါသထွက်လွန်းလို့ သွေးတက်ကုန်သည်။
ကောင်းပါပေ့။ ငါတို့ဝယ်သူတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ်လည်း လာစားရသေး ၊ နေပူကျဲတဲကြီးထဲ တန်းစီဖို့လည်း လိုသေး။ အခုဆို စားတောင်စားရပါ့မလားက မသေချာ။ ရယ်ရချက်။
တချို့လူတွေက လက်ရေးမူကြေညာစာကို ဖတ်ပြီးသည်နှင့် ဘာမပြောညာမပြော ကောက်ထွက်သွားကြသည်။သူတို့တွေက လီစီးနျန်ဘေးမှ ဖြတ်အသွား ဆဲဆိုကြိမ်းမောင်းလှောင်ပြောင်ကြ၏။
လူတိုင်းက သူတို့ရဲ့မကျေမှုများကို ပုံစံအဖုံဖုံဖြင့် ထုတ်ဖော်ပြသနေကြပေမင့် ယေဘုယျအဓိပ္ပါယ်ကမူ တစ်ထပ်တည်းသာ။သူတို့ ဆိုလိုသည်က လီစီးနျန်ဟာ အင်တာနက်ပေါ်က ကျော်ကြားမှုလေးအနည်းငယ်၌ မျောပါနေသည်ဟု။
ŞİMDİ OKUDUĞUN
ပြန်လည်မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်လေးတစ်ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》
RomantizmOriginal ~ ချုံရှင်းဟုတ် ဝေါ်ကျစ်ရှန်ရှန်းယွီ English ~ အာဖတာ ရီဘတ်ဒ် ၊ အိုင် ဂျက်စ်ဝမ့် တူဘီအေ ဆော့စ်တက်ဖစ်ရှ် Author ~ သျောင်းသျောင်းဇစ်