အခန်း(၁၆) Vote မသမာမှု၏ဖြစ်ရပ်မှန်

7.8K 1.2K 6
                                    

Scroll down for Zawgyi.

Unicode

ပိုင်ယွီရှန်းနှင့်လီစီးနျန်တို့ဟာ မြို့​တော်အ​ရှေ့ဘက်ရှိ ​ကော်ဖီဆိုင်တစ်ခုတွင် ​တွေ့ဆုံခဲ့သည်။

လီစီးနျန် ​ကော်ဖီဆိုင်ကို ​ရောက်​တော့ ပိုင်ယွီရှန်းက ဆိုင်ထဲတွင် ကြိုရောက်နှင့်ပြီးသားဖြစ်​နေသည်။ပိုင်ယွီရှန်းက ဆိုင်နံရံနဲ့ ဆန့်ကျင်ဘက်နေရာတွင် ထိုင်လျက် ​ကော်ဖီတစ်ခွက်က သူ့​ရှေ့၌ ချထားသည်။​နောက်ထပ်​ကော်ဖီတစ်ခွက်က သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိ​နေသည်။

​ကော်ဖီဆိုင်အ​ရောင်းစာ​ရေးက 'ကြိုဆိုပါတယ်' ဟု နှုတ်ဆက်လိုက်သည်။လီစီးနျန် ​ခေါင်းညိတ်အသိအမှတ်ပြုကာ ပိုင်ယွီရှန်းထံ ​လျှောက်သွားလိုက်သည်။

သူ လီမိသားစုက​​​နေ ထွက်ခွာခဲ့ကတည်းက ဤကဲ့သို့ မြို့ပြအ​ငွေ့အသက်ပြင်းထန်​သော ​နေရာမျိုးသို့ လာ​​​ရောက်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်သည်။ယခင့်ယခင်တုန်းက သူ ဒီလို​​နေရာမျိုး​နေကို အလုပ်လုပ်ရန် ​နေ့တိုင်း လာခဲ့ဖူးသည့်တိုင် သုံးလခန့် ​အေး​အေးလူလူ သက်​တောင့်သက်သာရှိ​သော ​ကျေးလက်ဘ၀တွင် ​နေထိုင်ပြီး​နောက် သူ့ရဲ့အတိတ်ကိုပင် ​မေ့​ပျောက်​နေပြီဖြစ်သည်။သူ ဒီ​နေရာမျိုးသို့ ​နောက်တစ်ကြိမ် ​ခြေပြန်ချ​သောအခါ အနည်းငယ် စိမ်းသက်​​နေသလို​တောင် ခံစားရသည်။

သူ့နှလုံးသားထဲက ပြွတ်သိပ်​နေ​သော စိတ်ခံစားချက်များကို သိမ်းဆည်းရင်း လီစီးနျန် ​ရှေ့ဆက်​လျှောက်ကာ ပိုင်ယွီရှန်း​ရှေ့၌ ၀င်ထိုင်လိုက်သည်။

ပိုင်ယွီရှန်းက သူ့ဖုန်းအား သဲကြီးမဲကြီး ​ခေါင်းငုံ့ကစား​နေသည်။သူ အလွန်တရာ အာရုံစူးစိုက်​နေ၏။သူ့ရဲ့မျက်လုံး​ထောင့်စွန်းက​နေ စားပွဲကို ​ခေါက်​ခေါ်​နေသည့် လက်တစ်ဖက်အား မြင်တဲ့အချိန်မှာ ပိုင်ယွီရှန်းတစ်​ယောက် ဆတ်ခနဲ ​ခေါင်း​ထောင်လာသည်။

" အားနျန် ! အိုင်းယား . . . မင်း ​ရောက်ပြီပဲ !! "
ပိုင်ယွီရှန်းက ​ရှေ့က​ကော်ဖီခွက်ကို ညွှန်ပြလိုက်သည်။
" မင်း ဒါကြိုက်တာ ငါ မှတ်မိလို့ မင်းအတွက် ငါ မှာထား​ပေးတယ် "

ပြန်လည်​မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်​လေးတစ်​ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》حيث تعيش القصص. اكتشف الآن