Scroll down for Zawgyi.
Unicode
လင်းယွမ်က ကျန်းရုန်ရွှမ်စကားများကို ဒေါသထွက်ထွက် ရယ်သည်။
" ငါ အားနျန်ကို စသိကတည်းက အဲဒီလိုပဲ ခေါ်လာခဲ့တာ။ မင်းက ငါ လူတွေကို ဘယ်လိုခေါ်ရမယ်ဆိုတာတောင် လိုက်စီမံချင်နေတာလား ??? မင်း လွန်နေပြီ မဟုတ်ဘူးလား ??? "ကျန်းရုန်ရွှမ်က နှုတ်ခမ်းစွန်းများကို မထီမဲ့မြင်ပြုစွာ မဲ့ချလိုက်သည်။
" ဒါပေမယ့် တာ့ကော ခေါ်တဲ့ပုံက အခြားလူအပေါ် သက်ရောက်မှုရှိနေတယ်လေ။ ကျွန်တော့်ရဲ့ကောကောက တာ့ကော သူ့ကို အဲဒီလောက်တရင်းတနှီးကြီး ခေါ်နေတာကို မကြိုက်ဘူးတဲ့ "" မင်းက ဘယ်လိုလုပ်သိလဲ ??? သူ့အကြောင်း မင်း မချွင်းမချန် သိလို့လား ??? "
လင်းယွမ်က မကျေမနပ်ဆိုသည်။
" ငါ သူ့ကို ခေါ်တာက ရင်းရင်းနှီးနှီးရှိလွန်းတယ်လို့ မင်းက ပြောတယ်။ မင်း သူ့ကိုခေါ်နေတာကမှ အော်ဂလီဆန်စရာကောင်းတာကွ။ ရိုးသားချင်ယောင်ကဆောင်လိုက်သေး။ တစ်ဖက်က အဆီကိုစား အသားကိုမြိုနေပေမယ့် တစ်ဖက်က ကောကောကို ပါးစပ်မချဘူး။ မင်း မရှက်တတ်ဘူးလား ??? "ကျန်းရုန်ရွှမ်၏အပြုံးက ဖြည်းညင်းစွာ ပျောက်ကွယ်စပြုလာသည်။
အနှီအပြုံး ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် မျက်ဝန်းတွေသည်လည်း အေးစက်နှင့်ပြီးသား။ကျန်းရုန်ရွှမ်မျက်နှာတစ်ခုလုံးဟာ ကြောက်မက်ဖွယ် မှိုင်းမှိုင်းညှို့ညှို့။
ကျန်းရုန်ရွှမ် : " တာ့ကော စကားပြောလို့ပြီးရင် ပြန်ရမယ်မလား ??? ကောကောက တာ့ကောကို မကြိုဆိုပါဘူးဆိုနေ ၊ သူများအိမ်ရှေ့ တ၀ဲလည်လည်လုပ်နေတာက မကောင်းဘူးနော် ၊ ဟုတ်တယ်မဟုတ်လား ??? "
လင်းယွမ်မှာ အနှီစကားကို ကြားကြားချင်း ကျန်းရုန်ရွှမ်အား မာန်ဟုန်ပြင်းစွာ စိုက်ကြည့်၏။သူ ဒေါသတွေ ဆောင့်တက်ရလွန်းသည်က ကျန်းရုန်ရွှမ်အပေါ် စက္ကန့်မဆိုင်း ခုန်အုပ်တိုက်ခိုက်ပစ်မတတ်။
သနားစရာကောင်းသည်က ^မိုးကြိုးကတော့ ချုန်းသံကြီး ဟိန်းနေပါရဲ့ ၊ မိုးပေါက်လေးက ငယ်နေသည်^ပင်။လင်းယွမ်ပုံက အင်မတန် မိုးလားကဲလားဖြစ်နေသည့်တိုင် တကယ်တမ်း အသက်ပြင်းပြင်းရှူ၍ အံကြိတ်ပါးစပ်ပိတ်နေရရှာသည်။လင်းယွမ် တိုက်ခိုက်ဖို့ သတ္တိမရှိ။
DU LIEST GERADE
ပြန်လည်မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်လေးတစ်ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》
RomantikOriginal ~ ချုံရှင်းဟုတ် ဝေါ်ကျစ်ရှန်ရှန်းယွီ English ~ အာဖတာ ရီဘတ်ဒ် ၊ အိုင် ဂျက်စ်ဝမ့် တူဘီအေ ဆော့စ်တက်ဖစ်ရှ် Author ~ သျောင်းသျောင်းဇစ်