အခန်း(၂)ဟင်းချက်စွမ်းရည်

12.8K 1.8K 80
                                    

Scroll down for Zawgyi.

Unicode

[၂] ဟင်းချက်စွမ်းရည်

လီ၀မ်ရှင်းကလည်း အစားအ​သောက်​ကောင်း​တွေကို အလွန်အမင်း ဝါသနာပါသူဖြစ်သည်။သူက အုတ်ဂျုံယာဂုရဲ့အနံ့ကို ရလိုက်တဲ့အခါ သင်းပျံ့​မွှေးကြိုင်​နေတဲ့ ရနံ့နဲ့တင် ဆွဲ​ဆောင်ခံလိုက်ရသည်။အခု သူ့ကို ယာဂုအတူ​သောက်ရန် ဖိတ်​ခေါ်​နေခြင်း​ကြောင့် လီ၀မ်ရှင်း ချက်ချင်းလက်ငင်း သ​ဘောတူလိုက်သည်။

သူ ​ခေါင်း​ငြိမ့်လိုက်ရုံ​လေးရှိ​သေးတဲ့အချိန်မှာ လင်းယွမ်က သူ့အား သူ့​(လင်းယွမ်)​နောက်​ကျောဘက်သို့ ဆွဲပို့လိုက်သည်။

လင်းယွမ်က သူတို့နှစ်​ယောက်ကို ကင်းကွာ​စေလိုက်ပြီး လီစီးနျန်အား ယဉ်​ကျေးစွာ ဆိုလိုက်သည်။   " အခုက မနက်စာစားရမယ့် အချိန်​ကျော်သွားပြီဆို​တော့ ၀မ်ရှင်းလည်း စားပြီးပါပြီ။ ကျွန်​တော် စိတ်ပူတာက ၀မ်ရှင်း ထပ်မစားနိုင်​တော့မှာကိုပဲ "

အမှန်က သူ စိတ်ပူတာဟာ လီ၀မ်ရှင်းအား လီစီးနျန်က အနိုင်ကျင့်မှာကိုဖြစ်သည်။

လီ၀မ်ရှင်းက ရိုးသားကာ ကြင်နာတတ်သည်။သူက ​နေ့တိုင်း ထုံထုံအအနှင့်သာဖြစ်သည်။သူ့ခမျာ သူ့အစ်ကိုရဲ့ နည်းလမ်း​ပေါင်းအသွယ်သွယ်ကို လုံး၀ မသိရှာ​​​ပေ။​ကောလိပ်မှ ဘွဲ့ရပြီး​နောက် လီစီးနျန်၌ ဒီလိုကုမ္ပဏီကြီးတွင် အတွင်းလူတွေဘာ​​တွေပင် ရှိ​နေ​လောက်သည်။သူ့ရဲ့အုပ်ချုပ်မှုအာဏာစက်ကို စိတ်ကူးကြည့်လို့​တောင်ရသည်။

ဒါ့ပြင် လီစီးနျန်အ​ပေါ် သူ နားလည်ထားသ​လောက် အ​ခြေခံစဉ်းစားကြည့်ရင် လီစီးနျန်ဟာ ညီအစ်ကိုသံ​ယောဇဉ်အတွက် ကိုယ်ကျင့်တရားသိက္ခာကို ​ထောက်ထား၍ သူ့ရဲ့ချစ်ခြင်း​​မေတ္တာ(လင်းယွမ်)အား စွန့်လွှတ်မည့် အကြင်နာတရားရှိ​သော ပုဂ္ဂိုလ်တစ်ဦး ဘယ်တုန်းကမှ မဟုတ်ခဲ့​ပေ။

လီစီးနျန်က သူ့ကို ကြိုက်​နေသည်။သူ သ​ဘောကျသည့်လူက လီ၀မ်ရှင်းဖြစ်တယ်ဆိုတာကို လီစီးနျန် သိသွားလျှင် လီစီးနျန်ဟာ ၀မ်ရှင်းကို ဒုက္ခ​ပေးကာ ၀မ်ရှင်းဆီက​နေ သူ့(လင်းယွမ်)ကို ခွဲထုတ်ရန် အ​ကောင်းဆုံး ကြိုးပမ်းလုပ်​ဆောင်​တော့မှာဖြစ်သည်။

ပြန်လည်​မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်​လေးတစ်​ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》Donde viven las historias. Descúbrelo ahora