Scroll down for Zawgyi.
Unicode
စုန့်ယွမ်ဘက်က တက်လာတဲ့ သတင်းကို မြင်သောအခါ အနည်းငယ် ရယ်စရာကောင်းသည်ဟု လီစီးနျန် ခံစားရသည်။
ရက်စက်တဲ့ အရှင်းရှင်တွေ။ သူတို့ရဲ့လုပ်ငန်းတွဲဖက်က အခု နာမည်ပျက်လည်းရှိရော မကြာချက်ချင်း လက်ငင်းဆတ်ဆတ်မှာတင် တခြားအွန်လိုင်းဆယ်လီတစ်ယောက်နဲ့ အကျိုးတူပူးပေါင်းဖို့ စိုင်းပြင်းနေပြီ။
စင်စစ် ပြောရေးဆိုခွင့်ရှိသူ၏ စာချုပ်ကြေးကို စျေးနှိမ်ခြင်းသည် အဆန်းတပြားကိစ္စကြီးမဟုတ်။သူလည်း ပူးပေါင်းလုပ်ကိုင်သော စတားများ၏ စာချုပ်အဖိုးအခကို စျေးလျော့ခဲ့ဖူးပါသည်။
ယခင်အတိတ်ဘ၀ သူ ဒုဥက္ကဋ္ဌလီရာထူး၌ ထိုင်ခဲ့စဉ် ကုမ္ပဏီ၏ အကျိုးအမြတ်ကိုသာ ရှေးရှူနေခဲ့သည်မို့ သူ့တွင် မတူညီသော တွေးခေါ်ပုံမျိုးရှိသည်။သို့ပေတည့် ယခုဘ၀ အဖိနှိပ်ခံ ၊ စာချုပ်စျေးနှိမ်ခံနေရသော အင်တာနက်ဆယ်လီလေးဘ၀၌ ရပ်တည်နေရသည့်အခါတွင်မူ လီစီးနျန် စိတ်မသက်သာတော့ချေ။
ထို့ပြင် စာချုပ်စျေးနှိမ်ရန်အလို့ငှာ မဆိုင်တဲ့လူတွေကို ဆွဲထည့်တာကား ယုတ်မာခြင်းပေ။သူဟာ ပူးပေါင်းဆောင်ရွက်သော စတားများ၏ စာချုပ်ကြေးကို လျော့ချခဲ့ဖူးသည်ထား ၊ စုန့်ယွမ်ကဲ့သို့ တခြားမဆိုင်တဲ့လူတွေကိုပါ ဆွဲထည့်တာမျိုးတော့ လုံး၀ မလုပ်ပါချေ။
လီစီးနျန်က စုန့်ယွမ်နှင့် ပူးပေါင်းရန် အစီအစဉ်မရှိပေ။စာချုပ်ကြေးကြောင့် ဘာကြောင့်ရယ်မဟုတ်။သူ ငြင်းဆန်ခဲ့သည်။
စုန့်ယွမ်က သူ လောလောဆယ် ဟိုးလေးတကျော် နာမည်ကြီးနေတာကိုပဲ စိတ်၀င်စားလို့လား ၊ အခြားဘာကို ဓါတ်ကျနေတာလဲတော့ လီစီးနျန် မသိပေ။သူတို့ကို ငြင်းပယ်လိုက်သော် စာချုပ်စျေးကို ပမာဏတိုးပေးလာခဲ့သည်။
\ ဒီကြေးက ကျူးကျူးဆီ ကမ်းလှမ်းခဲ့တာရဲ့နှစ်ဆပါ။ လူကြီးမင်း နောက်တစ်ကြိမ် စဉ်းစားပေးဖို့ မျှော်လင့်ပါတယ် /
CZYTASZ
ပြန်လည်မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်လေးတစ်ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》
RomansOriginal ~ ချုံရှင်းဟုတ် ဝေါ်ကျစ်ရှန်ရှန်းယွီ English ~ အာဖတာ ရီဘတ်ဒ် ၊ အိုင် ဂျက်စ်ဝမ့် တူဘီအေ ဆော့စ်တက်ဖစ်ရှ် Author ~ သျောင်းသျောင်းဇစ်