အခန်း(၃၄)တရားမ၀င်သား

7.1K 1K 30
                                    

Scroll down for Zawgyi.

Unicode

မျက်​မှောက်အ​ခြေအ​နေက ဖရဲသီးကို ​​မှောက်တစ်ချီ လှန်တစ်ချီ အခန်းဆက်ဖြင့် စား​နေရခြင်း​ပေ။

ပထမ ၊ လီစီးနျန်ဟာ 'စား​​သောက်ဆိုင်' ၏ အထူးလျှို့ဝှက်ဟင်းချက်နည်းကို ခိုးယူကူးချသည်ဟု လူကြားသူကြားထဲ သတင်းထွက်လာသည်။​နောက်ကျ ပြသာနာ ​ပြောင်းပြန်လှန်ကာ လီစီးနျန်က ဟင်းချက်နည်း ခိုးယူကူးချခံလိုက်ရသည့် ထိုတစ်​ယောက်သာဖြစ်​ကြောင်း ​ပေါ်​ပေါက်လာ​လေ၏။

လူတိုင်းခမျာ အနှီပွဲကိုပင် လိပ်ပတ်လည်​အောင် သ​ဘောမ​ပေါက်​ရသေး ၊ ​အခြားဇာတ်အလှည့်အ​ပြောင်းတစ်ခုက ဘွားခနဲ။၎င်းဇာတ်ထုပ်ကို ကပြ​နေသူက လီစီးနျန်ရဲ့ညီ လီဝမ်ရှင်းဖြစ်​နေ၏။

ဘုရား ၊ ဘုရား ... ဒါက ဒဏ္ဍာရီလာ အိမ်​တော်တိုက်ပွဲဆိုတာများလား​​ဟေ့ ???!!!

ယ​နေ့၏ ခုတစ်ခါ ​တော်ကြာတစ်မျိုး ဖရဲသီး​ကျေးဇူးနှင့် လီကုမ္ပဏီရှယ်ယာ​​စျေး​တွေမှာ တက်လိုက်ကျလိုက် မတည်မငြိမ်။

လီစီးနျန် ​လှောင်​ပြောင်သ​ရော်ခံရစဉ် လီကုမ္ပဏီရှယ်ယာ​စျေး​တွေက တဖုတ်ဖုတ် ပြုတ်ကျသည်။လီစီးနျန်တစ်​ယောက် ၎င်းလျှို့ဝှက်ဟင်းချက်နည်းကြီးအား သူ တီထွင်ဆန်းသစ်ခဲ့သည်ကို သက်​သေထူလိုက်​သောအခါ ကုမ္ပဏီရှယ်ယာ​စျေးက ဝုန်းဆို ​ထောင်တက်သွားသည်။သို့​ပေမင့် ဘယ်​လောက်မှ​တောင် ​များများစားစား စျေးမတက်လိုက်ရ ၊ ​နောက်ကွယ်ကလက်မဲကြီးဟာ လီဝမ်ရှင်းမှန်း အ​ဖော်ခံလိုက်ရ၍ ရှယ်ယာ​စျေး​တွေက တစ်ဖန် ​အောက်သို့ ထိုးကျသွားပြန်သည်။ဤတစ်ကြိမ်​စျေးကျဆင်းမှုက လီစီးနျန် ​အလှောင်​ခံအ​ပြောင်ခံရတုန်းကထက် ပိုမိုပြင်းထန်လှသည်။

လီစီးနျန်က အွန်လိုင်းပေါ် ဘာ​တွေဆက်ဖြစ်မလဲဆိုတာ မျက်​ခြေမပြတ် ​စောင့်ကြည့်​နေသည်။လီ၀မ်ရှင်းရဲ့နာမည်က အင်တာနက်​ပေါ် ​ချော​ချော​မွေ့​မွေ့ ​ရောက်လာသည့်အချိန်၀ယ် ကျန်းရုန်ရွှမ် ဝင်ပါ​နေမှန်း လီစီးနျန် တွက်လိုက်မိ၏။

လီစီးနျန် Wechat က​နေ ထိုအ​ကြောင်းကို လှမ်း​​မေးပြီး​သော် လုံ​လောက်​ချေပြီ။ကျန်းရုန်ရွှမ်က ကျန်းလုပ်ငန်းစုရဲ့ PR ဋ္ဌာနကိုပါ ဆွဲထည့်ထားခဲ့၏။

ပြန်လည်​မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်​လေးတစ်​ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》Where stories live. Discover now