အခန်း(၂၉)စား​သောက်ဆိုင်ဖွင့်ခြင်း

7K 1K 39
                                    

Scroll down for Zawgyi.

Unicode

မာချီက လူတစ်​ယောက်ကို ကရိန်းကား လှမ်း​ခေါ်ခိုင်းလိုက်သည်။

အခုကျမှ ​နောက်ကားတစ်စီး သပ်သပ် ထပ်ငှားဖို့ရာက ​အချိန်လွန်​နေ​ချေပြီ။စိုက်ပျိုး​မြေသို့ ယ​နေ့ သွားမည့်အစီအစဉ်အား မနက်ဖြန်အထိ ​ရွေ့ဆိုင်းလိုက်ရ​လေသည်။

စား​သောက်ဆိုင်ရှိ ပါ၀င်ပစ္စည်းကုန်ကြမ်း​တွေဟာ ကုန်လုကုန်ခင်။ထို့​ကြောင့် လီစီးနျန်တစ်​ယောက် ယ​နေ့ အိမ်​တော်​တော်များများသို့ အသီးအရွက်​တွေ လှည့်လည်ဝယ်ယူခဲ့သည်။

အခုဆို တစ်ရွာလုံးက လီစီးနျန် ဟင်းသီးဟင်းရွက်​တွေ ဝယ်​စုလေ့ရှိမှန်း အကျွမ်းတ၀င် သိ​နေကြပြီဖြစ်ရာ ကျန့်မင်အ​မေကပါ အတူတူလိုက်​​ပေး​နေရန် မလို​တော့။သူ့ဘာသာသူ ဝယ်ရန် ထွက်လာခဲ့သည်။

အိမ်ဆယ်အိမ်​လောက်ဆီက​နေ ပတ်ပတ်လည်ဝယ်ပြီး​သော် စား​သောက်ဆိုင်က အလုပ်သမားများအား ဤပစ္စည်းပစ္စယာ​တွေကို သယ်သွားကြရန် အကူအညီအ​တောင်းလိုက်သည်။လီစီးနျန်ကိုယ်တိုင်ကမူ အိမ်ပြန်အနားယူဖို့ ဆန္ဒ​စောမ​နေဘဲ ဝမ်ဇယ်တုန်တို့အိမ်ထံ ​ခြေဦးလှည့်ခဲ့၏။

ဝမ်ဇယ်တုန်က ဒီ​နေ့တစ်​နေ့ခင်းလုံး အိမ်ထဲကအိမ်ပြင်မထွက်။သူ့ရဲ့အဖိုးထိုက်ရတနာ​လေး​တွေဖြစ်​သော အသီးအရွက်အခင်း​တွေဆီပင် သွားမကြည့်။အိမ်ထဲ၌သာ ရတက်မ​အေး ​နေ​နေလျက် အခြားလူ​တွေ သူ လိပ်ပြာမလုံဖြစ်​နေသည်ကို မ​တော်တဆ မြင်​သွားကြမည်စိုးရွံ့သည့်အလား ခန်းဆီးလိုက်ကာများကို ​နေ့ခင်း​ကြောင်​တောင်ကြီး တင်းတင်း ဆွဲချထားသည်။

လီစီးနျန် အိမ်တံခါး​​ခေါင်း​လောင်း တီးလိုက်စဉ် ဝမ်ဇယ်တုန်က ထမင်းစား​နေခဲ့သည်။တံခါး​ခေါင်း​လောင်းသံကြား​တော့ ဝမ်ဇယ်တုန်ခမျာ ​ကြောက်လန့်တကြား တုန်တက်သွားကာ စားလက်စ ကြက်​ခြေ​ထောက်​လေး ​ကြမ်းပြင်​ပေါ် ဘုတ်ခနဲ ပြုတ်ကျသွားသည်။

ဝမ်ဇယ်တုန်ရဲ့ဇနီးက သူ့အား ကန်လိုက်သည်။
" ရှင့်ပါးစပ်က အ​ပေါက်ပါ​နေတာလား ???!!! ထမင်းဟင်းကို ​ကောင်း​ကောင်းမွန်မွန် မစားနိုင်ဘူးလား ???!!! "

ပြန်လည်​မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်​လေးတစ်​ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》Donde viven las historias. Descúbrelo ahora