Scroll down for Zawgyi.
Unicode
ကျန့်မင်တို့မိသားစုအခြေအနေဟာ ငွေရေးကြေးရေး သိပ်မချောင်လည်ကြ ၊ အနည်းငယ်မျှ ကြပ်ကြပ်တည်းတည်း။
ကျန့်မင်အဖေက တောက်တိုမည်ရ ကျပန်းအလုပ်များလုပ်၍ ပိုက်ဆံရှာသည်။ကျန့်မင်အမေက ဟော်တယ်ကြီးတစ်ခု၌ စားပွဲထိုးအလုပ် လုပ်ကိုင်၏။အလုပ်ခွင်ပတ်ဝန်းကျင်က အင်မတန် ကောင်းမွန်သော်ငြား လုပ်ခလစာက တအား မမြင့်။
လီစီးနျန်က သူ့လယ်ယာတွေကို ငှားရမ်းပေးမည့်အပြင် မနိမ့်တဲ့ လစာတစ်ခုပါ ပေးမည်ဟု ဆိုလာသောအခါ ကျန့်မင်အမေ စိတ်လှုပ်သွားသသည်။
သို့ပေမင့် စိတ်လှုပ်ရှားတာက စိတ်လှုပ်ရှားတာတစ်ကဏ္ဍ။မေးစရာရှိသည်ကိုတော့ ရှင်းရှင်းလင်းလင်း မေးမြန်းရပေမည်။
ဥပမာ .............
" ရှောင်လီရေ ၊ သားရဲ့စားသောက်ဆိုင်လေးက ဖွင့်တာ ရက်လေးနည်းနည်းပါးပါးပဲ ရှိသေးတာကို ၊ ဘာလို့ ရုတ်တရက်ကြီး စားသောက်ဆိုင်ခွဲ ဖွင့်ချင်ရတာလဲ ??? "
ကျန့်မင်အမေက သတိတရှိ မေးသည်။
" စားသောက်ဆိုင်ခွဲတစ်ဆိုင်ဖွင့်ဖို့ ကနဦးငွေရင်းငွေနှီးက ကြီးပါသဘိနဲ့။ သားမှာ အဲဒီလောက် ပိုက်ဆံအများကြီးရှိတာလား ??? "လီစီးနျန်က ပြုံးလိုက်၏။
" အန်တီ မုလင်ရွာမှာနေတာ နှစ်တွေကြာပြီလို့ ကျန့်မင် ပြောပြတယ်။ ကျွန်တော် အခု နေနေတဲ့အိမ်က အမျိုးသမီးကြီးတစ်ယောက် ရှိဖူးတယ်လေ ၊ အန်တီ မှတ်မိလား ? "ကျန့်မင်အမေက ခေါင်းညိတ်သည်။
" ဒါဆို အန်တီ မှတ်မိဦးမှာပဲ ၊ အဲဒီအမျိုးသမီးကြီး သက်ရှိထင်ရှားရှိခဲ့တုန်းက နှစ်သစ်ကူးပိတ်ရက်တွေဆို သူ့အိမ်တံခါးရှေ့မှာ ဇိမ်ခံကားတွေ မကြာခဏ ထိုးရပ်ထားတတ်တယ် ၊ ဟုတ်တယ်မလား ??? "
ကျန့်မင်အမေက ခေါင်းဆက်ညိတ်ပြသည်။လီစီးနျန်ရဲ့စကားတွေက သူမမှတ်ဉာဏ်အပိုင်းအစများကို ဖော်ပေးနေသယောင်။
ကျန့်မင် ငယ်ငယ်က ထိုခြံဝင်းတွင် အမျိုးသမီးကြီးတစ်ဦး နေခဲ့ဖူးသည်။သူမက ရွာထဲရှိ အခြားအမျိုးသမီးကြီးတွေနှင့် အထူးတလည် ကွာခြားနေတာမျိုး မရှိသည့်တိုင် ပွဲတော်ရက်များ ရောက်လျှင် သူမက အခြားအမျိုးသမီးကြီးတွေနဲ့ မတူညီတော့ချေ။
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်လေးတစ်ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》
RomanceOriginal ~ ချုံရှင်းဟုတ် ဝေါ်ကျစ်ရှန်ရှန်းယွီ English ~ အာဖတာ ရီဘတ်ဒ် ၊ အိုင် ဂျက်စ်ဝမ့် တူဘီအေ ဆော့စ်တက်ဖစ်ရှ် Author ~ သျောင်းသျောင်းဇစ်