အခန်း(၂၄)ပျားရည်၀ယ်ခြင်း

7.2K 1.1K 32
                                    

Scroll down for Zawgyi.

Unicode

လီစီးနျန် အိမ်ပြန်​အရောက်​​ ကျန်းရုန်ရွှမ်တို့၏ ကမ်းလှမ်းချက်များကို ​အ​လေးအနက် သေချာ စဉ်းစားသော် သူ ​တွေး​ကြည့်လေ​လေ သူ့ကိုယ်သူ လုပ်နိုင်​လောက်မည်ဟု ခံစားရလာ​လေ​လေဖြစ်သည်။ထို့​ကြောင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းကိစ္စအား အ​သေးစိတ် ​ဆွေး​နွေးကြရန် မ​နက်ဖြန် သူတို့​တွေ ​တွေ့ဆုံလို့ ရနိုင်မရနိုင်ကို ကျန်းရုန်ရွှမ်ထံ Wechat မှတစ်ဆင့် ​မေးလိုက်သည်။

စား​သောက်ဆိုင်ခွဲ​တွေ ဖွင့်တာက သူ စား​သောက်ဆိုင်​လေးတစ်ဆိုင် ​ကောက်ဖွင့်တာထက်​တော့ ကရိကထများသည်။ဆိုင်ခွဲများ ဖွင့်လှစ်​ရေးအတွက် လိုအပ်သည့် တရား၀င်အ​ထောက်အထားလက်မှတ်များအပြင် ကုမ္ပဏီမှတ်ပုံတင်ခြင်း ၊ ဘဏ်အ​ကောင့်အသစ်ဖွင့်ခြင်းနှင့်တကွ သက်ဆိုင်ရာဘာညာသို့ သတင်းပို့အ​ကြောင်းကြားခြင်းများကို လုပ်ရန် လိုအပ်​သေးသည်။အတိုချုပ်ရလျှင် အင်မတိအင်မတန် ဇယားရှုပ်၏။

အဲဒီလိုမျိုး ဒုက္ခသုက္ခ​တွေက စိတ်အ​နှောင့်အယှက်ဖြစ်စရာဆို​ပေမယ့် ခဏတဖြုတ်ပါ​ပေ။ဆိုင်တိုးချဲ့ရန် သူ့ဘာသာသူ တစ်​ယောက်တည်း ဟိုဟိုဒီဒီ အလုပ်သမား​တွေ စု​ဆောင်းရုန်းကန်ရပါက ​စော​စောကဟာထက် ပို​ခေါင်းမီး​​တောက်ဖို့သာ ရှိသည်။

ကျန်းရုန်ရွှမ်က လီစီးနျန်ဟာ ဤအ​သေးအဖွဲကိစ္စပိစိ​လေး​တွေအ​ပေါ် အာရုံမထားလည်း အဆင်​ပြေ​​ကြောင်း ၊ ဟင်းလျာချက်ပြုတ်နည်း​တွေကိုပဲ ပြင်ဆင်​ဆောင်ရွက်​ပေးပါဟု လျင်လျင်မြန်မြင်ပင် အသံမက်​ဆေ့ပို့လာသည်။ဒါမှမဟုတ် ကိစ္စ​တွေ မ​ချော​မွေ့မည်ကို လီစီးနျန် စိုးရိမ်​နေသည်ဆိုလျှင် သူ့အား ကြီးကြပ်ညွန်ကြား​ပေးရန် အတူလိုက်ခဲ့ချင်လားဟူ၍။

ကျန်းရုန်ရွမ် ​ပြောသွားတာက ထိုအဓိပ္ပါယ်​တော့ ဟုတ်ပါ၏။တကယ်တမ်း သူ့ရဲ့မူရင်းစကားလုံး​တွေကမူ ယင်းအဓိပ္ပါယ်ထက် အများကြီး ရှုပ်​ထွေးသည်။တိတိကျကျ ​ပေါ်လွင်​အောင် ပြရ​ကြေးဆို ကျန်းရုန်ရွမ်တစ်​ယောက် စကားတစ်ခွန်းအဆုံးသတ်တိုင်း ​ကော​ကော​ခေါ်ခြင်းကို ပါးစပ်ကမချ။လီစီးနျန်ကိုယ်၌ကလည်း သူ့ကိုယ်သူ ​ကော​ကောအ​ခေါ်ခံရခြင်းအား သ​ဘော​ခွေ့​နေသည်။

ပြန်လည်​မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်​လေးတစ်​ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》Where stories live. Discover now