Scroll down for Zawgyi.
Unicode
လီဝမ်ရှင်းက လီစီးနျန်ရဲ့ဟင်းချက်နည်းခိုးယူကူးချမှုကိစ္စအတွက် လူထုအမြင်ထံ အားကြိုးမာန်တက် လုံ့လစိုက်ထုတ်ထားသည့်တိုင် သူ့ခမျာ လီမိသားစု၏အင်အားကို အပြည့်အဝ မဆုပ်ကိုင်နိုင်သေးသည့်အပြင် ငွေကြေးလည်း များများစားစား ထုတ်မကြဲနိုင်သဖြင့် လင်းယွမ်ကသာ လီဝမ်ရှင်းကိုယ်စား အစစအရာရာ လုပ်ကိုင်ပေးခဲ့ရသည်။
လင်းယွမ်ဆိုသည်ကလည်း ကျန်းရုန်ရွှမ်လောက် သြဇာအာဏာ မလွှမ်းမိုးသူဖြစ်ရာ လင်းယွမ် မည်မျှ လက်စွမ်းပြပါစေ ၊ လီစီးနျန်၏ ဟင်းချက်နည်းကူးချမှု မကောင်းသတင်းက သုံးရက်အကြာ ခြေရာလက်ရာမကျန် စုန်းစုန်းမြုပ် ပျောက်ကွယ်သွားခဲ့သည်။
ထိုညတွင် ကျန်းရုန်ရွှမ်က ပြသာနာ ဖြေရှင်းပြီးပြီဖြစ်ကြောင်းကို လီစီးနျန်ဆီ သတင်းပါးလိုက်၏။လီစီးနျန်က ကျန်းရုန်ရွှမ်အား ကျေးဇူးတင်ရန်အလို့ငှာ အပြင်၌ ညစာဝယ်ကျွေးမည်ဟု ဖိတ်ခေါ်ခဲ့သည်။
ကျန်းရုန်ရွှမ်က စားဖိုမှူးတစ်ယောက်လုံး ရှိနေရက်နှင့် သူတို့တွေ အဘယ်ကြောင့် အပြင်ထွက် ဝယ်စားနေမည်လဲလို့ဆို၍ နှစ်ယောက်သား လီစီးနျန်ရဲ့အိမ်တွင် ညစာချက်စားကြရန် ဆုံးဖြတ်လိုက်ကြသည်။
ယနေ့ည၌ ဟိုဟိုဒီဒီ ကြော်လှော်ချက်ပြုတ်မနေကြဘဲ ခြံဝင်းထဲတွင် အိုးအကြီးကြီးတစ်လုံး တည်ကာ လီစီးနျန်နှင့် ကျန်းရုန်ရွှမ်တို့ ဟော့ပေါ့ချက်ကြလေသည်။
မသိလိုက် မသိဘာသာနှင့်ပင် နွေဦးသို့တစ်ဖန် ရာသီစက်ဝန်းလည်ခဲ့ပြန်သည်။သူတို့နှစ်ယောက် မနှစ်ကနွေလယ်၌ တွေ့ဆုံခဲ့ကြပြီး တိုက်ဆိုင်စွာ စီးပွားရေးတစ်ခုကို အတူတကွ စတင်ခဲ့ကြသည်။
အစက သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ရော ၊ ကျန်းရုန်ရွှမ်တို့သူငယ်ချင်းနှစ်ယောက်နှင့် သူ့ကြားရှိ ဆက်ဆံရေးရောက ဤမျှ ကောင်းမွန်စွာ ခိုင်မြဲတည်တံ့လာလိမ့်မည်ဟု လီစီးနျန် စိတ်ကူးမကြည့်ခဲ့ဖူးပါချေ။ကိစ္စအ၀၀က ကောင်းသထက်ကောင်းသည့်ဘက်သို့ ဦးတည်နေခဲ့သည်။
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်လေးတစ်ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》
RomanceOriginal ~ ချုံရှင်းဟုတ် ဝေါ်ကျစ်ရှန်ရှန်းယွီ English ~ အာဖတာ ရီဘတ်ဒ် ၊ အိုင် ဂျက်စ်ဝမ့် တူဘီအေ ဆော့စ်တက်ဖစ်ရှ် Author ~ သျောင်းသျောင်းဇစ်