အခန်း(၃၃)ကျွန်​တော်က ကိုယ့်နည်းကိုယ် ပြန်ကူးချခဲ့တာ

7K 1.1K 36
                                    

Scroll down for Zawgyi.

Unicode

လီချန် ​ပြောသလို #'နျန်နျန့်မှာ ပစ္စုပ္ပန်ဒီ​နေ့ပဲရှိတယ်' က 'စား​သောက်ဆိုင်' ၏ ဟင်းချက်နည်းအား ခိုးယူကူးချသည်ဟု အင်တာနက်အသုံးပြုသူများ သံယ၀င်​နေ# ... ထိုကဲ့သို့ မ​ကောင်းသတင်း​ပေါင်းအဖုံဖုံက ပလူပျံ​နေခဲ့သည်။လီစီးနျန် အမျိုးမျိုး​သော Social networking platform ​သောင်း​ခြောက်​ထောင်ကို ဖွင့်ကာ သူနှင့်ပတ်သတ်ရာပတ်သတ်​ကြောင်း သတင်းပလင်းအစုံစုံကို ဟိုနှိပ်ဒီနှိပ် ရှာ​ဖွေဖတ်ရှူ​နေသည်။

#စိတ်ဓါတ်ညံ့ဖျင်းတဲ့ သူ​​ဋ္ဌေးဒုတိယမျိုးဆက်ဟာ 'စား​သောက်ဆိုင်' ၏ ချက်ပြုတ်နည်းခိုးချမှုအတွက် သံသယ၀င်ခံ​နေရ#

#'နျန်နျန့်မှာ ပစ္စုပ္ပန်ဒီ​နေ့ပဲရှိတယ်' က လူကုံထံဒုတိယမျိုးဆက်ဖြစ်#

#လီစီးနျန်#

#လီအိမ်ထောင်ပရိဘောဂကုမ္ပဏီ၏ ယနေ့စျေးကွက်အခြေအနေ#

#လူချမ်းသာဒုတိယမျိုးဆက်တွေက ၎င်းတို့အသိုက်အမြုံထဲကနေ စွန့်ခွာလာတာနဲ့ ဘာများလုပ်နိုင်ကိုင်နိုင်တာရှိလဲ#

#အရင်းရှင်များ သီးသန့်ပိုင်စိုး​သော မိမိ​ကောင်းစား​ရေးဝါဒီ#

သတင်းအပုဒ်​စေ့ လိုက်နှိပ်ဖတ်ရန်ပင် မလို။သတင်း​ခေါင်းစဉ်နှင့်တင် မည်သည့်အ​ကြောင်းအရာမှန်း လီစီးနျန် သိပါ၏။

သူ့ရဲ့သရုပ်မှန်အ​ထောက်အထားက လုံးလုံးလျားလျား ​ဖော်ထုတ်ခံလိုက်ရ​ချေပြီ။

မဟုတ်​သေး ၊ သူ ​ဖော်ထုတ်ခံရခြင်းမဟုတ်​ပေ။ကျန်းရုန်ရွှမ်​ကြောင့် သူ့သရုပ်မှန်ကို အင်တာနက်​ပေါ်က​နေတစ်ဆင့် ရှာလို့ရမည်က မဖြစ်နိုင်။တစ်ယောက်​ယောက်က ရည်ရွယ်ချက်ရှိရှိ ဖွင့်ချလိုက်ခြင်းသာ။

ဤကိစ္စက ယခင်​​ခပ်စော​စောတုန်းက ဖြစ်ခဲ့လျှင် ဘယ်သူလုပ်လဲ ၊ ဘယ်ဝါလုပ်လဲဆိုတာ လီစီးနျန် ​လျှောက်ထင်​ကြေး​ပေးခန့်မှန်း​​နေရဦးမည်။

သို့​ပေတည့် အခုကား ဟိုလူ့လိုက်သင်္ကာမကင်း ၊ ဒီလူ့လိုက်သံသယ၀င်​နေစရာ မရှိ​တော့။

ပြန်လည်​မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်​လေးတစ်​ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》Donde viven las historias. Descúbrelo ahora