အခန်း(၂၃) ၏ အဆက်

7.5K 1.1K 42
                                    

Scroll down for Zawgyi.

Unicode

မာချီရဲ့ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ​အော်သံ​နောက် လူအုပ်ကြီးကပါ တစ်ညီတစ်ညာတည်း ​ခေါင်း​တွေလှည့်ကြည့်လာကြပြီး တအံ့တသြ​ရေရွတ်သံများနှင့် မ​ကျေမနပ်စကားသံတချို့ကလည်း ကျွတ်စီကျွတ်စီ ထွက်လာကြသည်။

" မြတ်စွာဘုရား​ရေ !!! ဒါ​လေးက စား​သောက်ဆိုင်ပိုင်ရှင်လား ??? ဆင်လွန်းမ​နေဘူးလားဟယ် ??? "

" စား​သောက်ဆိုင်ပိတ်တယ်ဆိုရင် ဖုန်းနံပါတ်​လေးဘာ​လေး ချန်ထားခဲ့လို့ရမလား ??? ကျွန်​တော် ​တ​မျှော်​မျှော်နဲ့ စောင့်​နေရတာ စိတ်​လေ​နေပြီ "

" ​စော​စောက comment ​တွေ ဖတ်တုန်း ​ရှောင်ကျယ်ကျဲတစ်ယောက်​ ပြော​တာ ၊ ဆိုင်ရှင်က တအား​ချောတယ်တဲ့။ အဲဒီကျယ်ကျဲက အမှန်​တွေ ​ပြော​နေတာဟ !!! သူ ငါ့ကို မလိမ်ဘူး !!! "

" ဒီကို ဆိုင်တံခါး​လေး အရင် လာဖွင့်​ပေးပါ့လားခင်ဗျာ ??? ကျွန်​တော် ဒီ​နေရာကို ​ရောက်​အောင် သုံးနာရီ​လောက် ကား​မောင်းခဲ့ရတဲ့အပြင် ​စောင့်​နေတာလည်း တစ်နာရီ​​ကျော်ပြီ။ ဗိုက်ဆာလို့ ​မျော့​မျော့ပဲကျန်တယ် "

သူ​တို့တွေ မည်သို့ပင် ​ပေါက်​ပေါက်​ဖောက် ​ဆွေး​နွေး​ဝေဖန်​နေ​လင့်ကစား လူအုပ်ကြီးက တစ်ဖက်တစ်ချက်စီ လူခွဲကပ်​၍ လီစီးနျန်ဖို့ ဂရုတစိုက် လမ်းရှင်း​ပေးလိုက်ကြသည်။

လီစီးနျန်ဟာ မျက်နှာထက်က အားတုံ့အားနာ အပြုံး​လေးတစ်ပွင့်နဲ့အတူ ဆိုင်တံခါးဖွင့်ရန် ခပ်သုတ်သုတ် လှမ်းလိုက်၏။

​လီစီးနျန်နောက်က လိုက်လာတဲ့ ကျန့်မင်တစ်​ယောက် အသံကို တီးတိုး နှိမ့်​မေးလိုက်သည်။
" ကျွန်​တော် လစ်တော့မယ် ၊ ခင်ဗျားရဲ့မွဲချာချာ ဆိုင်စီးပွား​ရေးက ဘယ်တုန်းကများ အလုပ်ဖြစ်သွားတာလဲ ??? "

" ဒီ​နေ့တင်​လေ "

" ဘာကြီး ??? "

ဆိုင်တံခါးပွင့်တဲ့အခါ လီစီးနျန် တွန်းဖွင့်လျက် ၀ယ်သူ​​တွေကို ပထမဆုံး အထဲဝင်​စေလိုက်သည်။၎င်း​နောက် သူက ကျန့်မင်ပုခုံးကို ဆွဲချုပ်ထားကာ လုပ်ပြုံးအကြီးကြီး ပြုံးပြလိုက်သည်။
" စီးပွား​ရေးက​တော့ ဒီ​နေ့ကစ​ ကောင်းသွားတာပဲ။ ဒီ​လောက် လူ​​တွေသာ မများရင် ငါက မင်းကို အကူအညီ​တောင်းပါ့မလား "

ပြန်လည်​မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်​လေးတစ်​ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》Where stories live. Discover now