အခန်း(၃)ရိုးရိုးထမင်းဖြူစိတ်ဓါတ်

11.6K 1.6K 39
                                    

Scroll down for Zawgyi.

Unicode

လီချန်၏ သြဇာအာဏာ​အောက်တွင် လီစီးနျန်ဟာ မနက်ဖြန်လည်း လူ့အဖွဲ့အစည်းရဲ့ တိရစ္ဆာန်​လေးအဖြစ် ဆက်လက်​နေထိုင်ရဦး​တော့မည်။

မနက်​ခြောက်နာရီခွဲ၌ လီစီးနျန် အချိန်အတိအကျ အိပ်ရာထကာ မနက်ခင်းတစ်ဖြတ် အ​ပြေး​လေ့ကျင့်ခဲ့သည်။

သူ အိမ်​အောက်ထပ်ကို ဆင်းလာချိန်မှာ အန်တီကျန်းက မနက်စာပြင်ဆင်​နေသည်။

မနက်ခင်းအချိန်ဇယားက အ​တော်​လေး ကြပ်သပ်သည်။သူက မနက်ကိုးနာရီတွင် အလုပ်သွားရမှာဖြစ်၍ ​ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလည်း လုပ်ရ ၊ လုပ်ပြီး ပြန်လာ​တော့လည်း ​ရေမိုးချိုးရနှင့် သူကိုယ်တိုင် မနက်စာချက်ပြုတ်ဖို့ကိုလည်း ​နောက်ကျမှာစိုးတာ​ကြောင့် လီစီးနျန်က အလုပ်အချိန်မီ​ရေးကိစ္စကို လက်​လျော့ထားလိုက်သည်။

ကံ​ကောင်း​ထောက်မစွာဖြင့် အန်တီကျန်းရဲ့ ဟင်းချက်လက်ရာက ကျန်းမာ​ရေးနှင့်ညီညွတ်သည်။သူမ၏ မနက်စာက ပင်လယ်စာဆန်ပြုတ်ဖြစ်သည်။ပင်လယ်စာဆန်ပြုတ်က အာဟာရပြည့်၀ကာ ကယ်လိုရီပါ၀င်မှု နည်းပါးပြီး အဆီလည်းမများ​ချေ။ဒါက အနာဂတ်တွင် အစာအိမ်ကင်ဆာ​ရောဂါသည်တစ်ဦးဖြစ်လာမည့် သူ့အတွက် အလွန်အကျိုးပြုသည်။

အ​ပြေး​လေ့ကျင့်အပြီး၌ လီစီးနျန် ​ရေချိုးသန့်စင်လိုက်သည်။ခုနစ်နာရီခွဲတွင် သူ မနက်စာစားပွဲမှာ အသင့်​ရောက်ရှိ​နေပြီဖြစ်သည်။

လီ၀မ်ရှင်းက အခုမှ အိပ်ရာထရုံရှိ​သေးရာ လူတစ်ကိုယ်လုံး အိပ်ချင်မူးတူးဖြစ်​နေဆဲဖြစ်သည်။

လီစီးနျန်ကို မြင်တဲ့အခါ သူ လက်​ထောင်ပြ၍ အားမရှိပါးမရှိ နှုတ်ဆက်လိုက်သည်။   " ​မောနင်း , ​ကော "

လီစီးနျန် စိတ်ထဲမထားစွာ ပြန်​ပြောလိုက်သည်။   " ​မောနင်း "

မနက်စာ စား​​​သောက်အပြီး လူ​တွေအကုန် စားပွဲက​နေ ထသွားကြသည်။လီ၀မ်ရှင်း အသာ​မေးလိုက်သည်။   " ​ကော , ဒီ​နေ့ အလုပ်သွားမှာလား ??? ရှစ်နာရီထိုးခါနီးပြီ။ ​ကောက အိမ်မှာပဲရှိ​သေးတယ်။ ဒီလိုကြီးက ​ကောနဲ့မတူသလိုပဲ "

ပြန်လည်​မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်​လေးတစ်​ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》Où les histoires vivent. Découvrez maintenant