အခန်း(၄၀)အိမ်နီးချင်းအသစ်

6.6K 970 16
                                    

Scroll down for Zawgyi.

Unicode

ကျန်းရုန်ရွှမ် အစ​ဖော်​ပေးခါမှ လီစီးနျန် ထိုကိစ္စမျိုး​တွေ ရှိခဲ့မှန်း ​ရေး​တေး​တေး မှတ်မိလာသည်။

လီစီးနျန် အားတုံ့အားနာ​လေး ပြုံးလိုက်၏။
" မင်း ​ပြောပြ​လို့ ငါ ပြန်သတိရလာပါပြီ "

" အင်း ... ​ကော​ကောကို မှတ်မိလာ​အောင်လုပ်ဖို့က တကယ် မလွယ်တာပါပဲ​ "

ကျန်းရုန်ရွှမ်ရဲ့ ဟိုး​ရှေး​ရှေးအစချီ ပုံပြင်​လေးက လီစီးနျန်၏မှတ်ဉာဏ်တံခါး၀ကို ဖွင့်လှစ်လိုက်သည့်အလား။သူတို့နှစ်​ယောက် အထက်တန်း​ကျောင်းတုန်းက အဖြစ်အပျက်​လေးများကို ​ပြောဆိုခဲ့ကြသည်။

သူ့အိမ်မက်အပိုင်းအစ​တွေက အ​တော်​လေး ပြည့်စုံသွားပြီဟု လီစီးနျန် ခံစားရသည်။ကျန်းရုန်ရွှမ်ရဲ့စကား​တွေကို နား​ထောင်ပြီး​နောက် သူ ​မေ့​လျော့​နေ​သော အရာ​တွေ အများအပြားရှိ​ကြောင်း လီစီးနျန် နားလည်လိုက်သည်။

ညစာ သုံး​ဆောင်းရင်းတန်းလန်း အိမ်​ခေါင်း​လောင်း အသံမြည်လာသဖြင့် သူတို့စကား၀ိုင်း​လေး ရပ်တန့်သွားသည်။

လီစီးနျန် တံခါးထဖွင့်လိုက်​သောအခါ လျန့်မုန့်လျဲ့က အိမ်​ရှေ့တွင် မတ်တပ်ရပ်​နေသည်။

အတိတ်ကအမှန်တရားဟာ ​ပေါ်​ပေါက်လာခဲ့ပြီမို့ လျန်မုန့်လျဲ့ သူမကိုယ်သူမ တ​မြေ့​​မြေ့ နစ်မြုပ်မခံ​တော့​ချေ။သူမက လီစီးနျန်အား လက်လွှတ်ဆုံးရှုံးခဲ့သည်များအတွက် လိုလိုလားလား အ​လျော်​ပေးချင်ခဲ့သည်။လျန်မုန့်လျဲ့က သူမမှာ အချိန်ရတိုင်း လီစီးနျန်ထံ အ​သော့နှင်လာတတ်သည်။လီစီးနျန်က သူမအ​ပေါ် မည်သို့ဆက်ဆံ​နေသည်ဖြစ်​စေ လီစီးနျန်၏ ခွင့်လွှတ်မှုကိုသာ မဆုတ်မနစ် ​တောင်းခံ​နေခဲ့သည်။

ကိစ္စ​တွေက သူ့အ​မေအတွက် မလွယ်ကူခဲ့သည်ကို လီစီးနျန် သိပါ​သော်လည်း  သူ့နှလုံးအိမ်တွင် သူမအား နာကြည်းခံပြင်းမှု စိုးစဉ်းမျှမရှိပါဟု ​​ပြောလျှင် လိမ်ညာရာကျ​ပေလိမ့်မည်။

လျန်မုန့်လျဲ့ဟာ သူ့ကို နည်းနည်း​လောက် ပိုဂရုစိုက်​ပေးခဲ့ပါက သူ့ရဲ့ငယ်ဘ၀နှင့်ဆယ်​ကျောက်သက်ဘ၀သည် စိတ်​သောကတို့ ကင်း​ဝေး​နေခဲ့မည် မဟုတ်ပါ​လော။

ပြန်လည်​မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်​လေးတစ်​ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》Where stories live. Discover now