အခန်း(၃၈)လိုတစ်မျိုး မလိုတစ်မျိုးလုပ်တာက လူသား​တွေထုံးစံ

7K 1K 23
                                    

Scroll down for Zawgyi.

Unicode

မ​နေ့ညက လီချန် ​​ဆေးရုံဆင်းခဲ့သည်။​ဆေးရုံကဆင်းဆင်းချင်း ​ပေကျင်းသို့ ချက်ချင်း ပြန်သွားခဲ့သည်။

လီဝမ်ရှင်းက လီစီးနျန်နှင့် စကား​ပြောရန် စုချန် ၀ယ် ခေတ္တကျန်ရစ်ခဲ့သည်။

သူတို့နှစ်​ယောက် ​ဟော့​ပေါ့ဆိုင်တစ်ဆိုင်တွင် အချိန်းအချက်လုပ်လိုက်ကြသည်။

​နောက်ဆုံးတစ်ခေါက် လက်ဖက်ရည်စံအိမ်၌ ​တွေ့ခဲ့ကြစဉ်က လီဝမ်ရှင်းဟာ သူ့မျက်နှာအမှန်ကို လုံးလုံးလျားလျား လှစ်ဟပြခဲ့သည်။ယခု သူ လီစီးနျန်နှင့် ထပ်​တွေ့ချိန် ဟန်​ဆောင်မ​နေ​တော့ဘဲ ​ဖော်​ရွေမှုကင်းမဲ့သော မျက်နှာ​သေကြီးကို ချိတ်ဆွဲထားသည်။

​ကြေး​ရောင်အိုးအတွင်းတွင် နီ​စွေး​စွေး စွတ်ပြုတ်ရည်များက ကျိုက်ကျိုက်ဆူ​နေသည်။ပူပူ​လော​​လော အ​ငွေ့အဖြူဖြူ​လေး​တွေက အိုးအပြင်၌ တလွင့်လွင့်။ယင်းအ​ငွေ့များက ​​ဘေးပတ်ပတ်လည်ရှိလူကိုပင် ​ချွေးပြန်သွား​စေသည်။သို့​ပေမင့် ထိုအပူချိန်ပမာဏက လီဝမ်ရှင်း၏ ​အေးတိ​အေးစက်မျက်နှာထားကြီးကို အရည်​ဖျော်ချရန် မစွမ်းနိုင်ခဲ့​ချေ။

လီဝမ်ရှင်းနှင့်ယှဉ်လျှင် လီစီးနျန်က ​အေး​အေးလူလူ ပိုရှိလှသည်။

ပန်းကန်ပြား​ပေါ်က အသားလွှာကို ညှပ်ယူကာ ​ဟော့​ပေါ့အိုးထဲ ဖြည်းဖြည်းချင်း ထည့်သည်။ဆယ်စက္ကန့်​ကျော်​ကျော်အကြာ အသားဖတ်ကို ခပ်ဆယ်လိုက်၏။နူးအိလတ်ဆတ်​နေသည့် အမဲသားအား ပူစပ်ပူစပ်စွတ်ပြုတ်ရည်များ တစက်စက် စိုရွှဲ​နေပုံက ​မွှေးကြိုင်သင်းပျံ့​နေသည်။

လီစီးနျန် အသားလွှာကို တစ်လုတ်တည်း ​​လွေးလိုက်သည်။အာခံတွင်းထဲက အသားဖတ်မှာ အင်မတန် အရသာရှိလွန်းသဖြင့် မျက်ဝန်းများ​တောင် ​မှေးစင်းသွားရသည်။ဒီဆိုင်သို့ အစားအ​သောက်ကို မြိန်ရည်ယှက်ရည်စားဖို့ချည်းသပ်သပ် ​ရောက်လာ​သ​ယောင်။

ထိုအခြင်းအရာများကို မြင်​နေတဲ့ လီဝမ်ရှင်းခမျာ မျက်နှာအမူအရာက ​အေးစက်သထက်​အေးစက်လာသည်။

ပြန်လည်​မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်​လေးတစ်​ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》Hikayelerin yaşadığı yer. Şimdi keşfedin