Scroll down for Zawgyi.
Unicode
အစက လီစီးနျန်တစ်ယောက် ဝမ်းရေးဖြေရှင်းရန် ကြုံရာကျပန်း ဟင်းလေးနှစ်ခွက်လောက် ချက်မည်စီစဉ်ထားရာကနေ ကျန်းရုန်ရွှမ် ရောက်လာသဖြင့် အနည်းငယ် လူလူသူသူလေး ချက်ပြုတ်လိုက်ရသည်။
အခု ရာသီဥတု သိပ်မအေးသေး။လီစီးနျန် အအေးစာတချို့ ချက်လိုက်ပြီး မနေ့ညက ရေခဲသေတ္တာထဲ ထည့်ထားခဲ့သော အချိုရည်အအေးတွေကိုပါ ထုတ်ယူလိုက်သည်။
လီစီးနျန် ပန်းကန်ပြားတစ်ချပ်နှင့် ထွက်လာသည်ကို မြင်သောအခါ ကျန်းရုန်ရွှမ်က ပြုံးလိုက်သည်။
" ကောကောက ကျွန်တော် အိမ်လာတဲ့အချိန်တိုင်း အ၀အလင်ကျွေးဖို့ အတော်လေး တက်ကြွတာပဲ "အနှီစကားကို ကြားကြားချင်း လီစီးနျန်ရဲ့ပန်းကန်ပြားကိုင်ထားသည့် လက်လေးက တုံ့ခနဲ။
တို့တွေ အစားအသောက်အကြောင်း ပြောတာမဟုတ်လား ??? စကားကြီးက ထူးဆန်းလိုက်တာ ???
ကျန်းရုန်ရွှမ်မျက်နှာကို မော့ကြည့်ပြန်တော့လည်း ပုံမှန်ပဲမို့ လီစီးနျန် သူ့ကိုယ်သူ အတွေးချော်နေသည်ဟု ခံစားလိုက်ရသည်။
တက်ကြွတယ် ...... အဝအလင်ကျွေးဖို့ ...... အဲဒါ အစားအသောက်အကြောင်းပြောနေတာ ၊ အစားအသောက်အကြောင်း။ ကျန်းရုန်ရွှမ် အိမ်ရောက်လာလေတိုင်း သူ အားကြိုးမာန်တက် ကျွေးမွေးနေတယ်ဆိုတာက တစ်ဖက်လူ ဗိုက်မ၀မှာစိုးရိမ်လို့ပေ။
ဟင်းလျာများက စားပွဲတွင် အလျှံအပယ်။နှစ်ယောက်သား အသီးသီး ထိုင်လိုက်ကြ၏။
ဒီနေ့ ကျန်းရုန်ရွှမ် စိတ်အခြေအနေကောင်းမွန်ပုံမရ။ယခင့်ယခင် သူတို့နှစ်ယောက် အတူတကွ ထမင်းစားကြလျှင် ကျန်းရုန်ရွှမ်က ကရားရေလွှတ် တတွတ်တွတ် စကားအများကြီး ပြောလေ့ရှိသည့်တိုင် ယခု တစ်ခွန်းဆိုတစ်ခွန်းမျှ မဟချေ။
တိတ်ဆိတ်မှုက လူတွေကို အလွယ်တကူ အာရုံထွေပြားစေနိုင်သည်။ရုတ်တရက်ကြီး လီစီးနျန် ကိစ္စတစ်ခုကို ကျန်းရုန်ရွှမ်ထံ အတည်ပြုချင်လာသည်။ ကျန်းရုန်ရွှမ် ပြောပြဖူးတဲ့ အထက်တန်းကျောင်းမှာ သူ့ကို ကူညီပေးခဲ့တဲ့ ရွှယ်ကျန်း(စီနီယာ)က သူ(လီစီးနျန်)လား ???
DU LIEST GERADE
ပြန်လည်မွေးဖွားလာပြီးတဲ့အခါငါကငါးဆားနယ်လေးတစ်ကောင်ဖြစ်ချင်ရုံပါ《ဘာသာပြန်》
RomantikOriginal ~ ချုံရှင်းဟုတ် ဝေါ်ကျစ်ရှန်ရှန်းယွီ English ~ အာဖတာ ရီဘတ်ဒ် ၊ အိုင် ဂျက်စ်ဝမ့် တူဘီအေ ဆော့စ်တက်ဖစ်ရှ် Author ~ သျောင်းသျောင်းဇစ်