UNIVERSE (EP.3)

181 28 3
                                    

//Unicode//

"ဟျွန်း ကယ်ပါဦး. အီးဟီး..ဟင့် ဟင့် "

"ဂျွန်မြောင်ဘာဖြစ်တာလဲ "

ကျွန်တော် မင်ဆာ့ဟျွန်းကိုဘာမှမပြောနိုင်ဘဲ ဖုန်းဆက်ပြီးငိုသာငို နေလိုက်တော့တယ်.. အမှန်ဆိုဒါတွေကကျွန်တော့အပြစ်တွေပါ ကျွန်တော်အသုံးမကျလို့..

" ဂျွန်မြောင်ငိုနေလို့ ဟျွန်းကဘယ်သိမလဲ ခဏရပ်ပြီးဘာဖြစ်တာလဲ ပြောဦးလေ "

" ဟင့်..ဟင့်.. ကျွန်တော့်ကြောင့်ဖြစ်တာပါ ကျွန်တော့်အမှားတွေ အီးဟီး..ဟင့် "

"ကဲတိတ်ပါတော့ ဘာဖြစ်တာလဲ ဟျွန်းကိုပြော "

ကျွန်တော်ပါးပေါ်ကမျက်ရည်တွေကို လက်ဖမိုးနဲ့အကြမ်းပတမ်း သုတ်ချလိုက်ပြီး စိတ်ကိုပြန်ထိန်းလိုက်တယ်. ဟျွန်းကိုဒီကိစ္စပြောမှ ဖြစ်မယ်မဟုတ်လား..

" Vi Viပျောက်သွားလို့ ဟျွန်း "

"ဟမ်! ဘယ်လိုဖြစ်ရတာလဲ ဂျွန်မြောင်ရယ် မင်းအသည်းအသက် ဆိုပြီးလက်ကမချတာ ခုဘယ်လိုပျောက်သွားရတာလဲ "

"ဒီလိုဟျွန်းရဲ့..."

ကျွန်တော်ဒီမနက်အစောကြီးနိုးနေတယ်. ကုတင်ခြေရင်းကအိမ်
အသေး‌ေလးကိုကြည့်လိုက်တော့ ကျွန်တော့်ကလေးလေးVi Vi ကလည်းနိုးနေပြီ. ဒီနေ့အလုပ်လည်းအားပြီး ရာသီဥတုကလည်း သာယာတာမို့ မနက်ပိုင်းလမ်းထလျှောက်သင့်တယ်လို့တွေးမိတယ်. ကျွန်တော်လည်းVi Viကို‌ပါတခါတည်းခေါ်လာခဲ့လိုက်တယ်.. မနက်ပိုင်းကလေကောင်းလေသန့်ရပြီးနေရောင်ခြည်နွေးနွေးလေးက
ကျွန်တော့်ကိုယ်ပေါ်ဖြာကျနေတာက စိတ်ကိုတကယ်ကြည်စေတယ်
ကျွန်တော်မနက်စာစားဖို့လိုသေးတယ်လေ. Vi Viကိုပါခေါ်ပြီး အနီးနားက Marketအသေးလေးဆီဝင်လိုက်တယ်.. ဆိုင်ထဲမှာ မနက်စာနဲ့လိုတာလေးနည်းနည်းဝယ်ပြီးပြန်ထွက်လာတော့. ကောင်မလေးနှစ်ယောက်ကျွန်တော့်နားရောက်လာပြီး..

"ဂျွန်မြောင်Oppaမှလား "

သူတို့ကကျွန်တော်ကိုတိုးတိုးလေးကပ်မေးလာတယ်. ကျွန်တော် တကယ်လန့်သွားတာ သူတို့ဘယ်လိုမှတ်မိတာလဲ ကျွန်တော်Mask ရောခေါင်းစွပ်တစ်ခုပါထပ်ဆောင်းထားသေးတာကို..

UNIVERSEWhere stories live. Discover now