//Unicode//
ဆေးရုံကသူနာပြုနဲ့ဆရာဝန်မတွေကအစ ကျွန်တော့်ကိုနာမည်ကြီး တဲ့သူတစ်ယောက်လိုဆက်ဆံလာကြသည်. အမြဲအရေးတယူပြုပြီး တခါတခါဆိုဓာတ်ပုံတွေပါလာရိုက်ကြသေးသည်. အကြောင်းက တော့ ကျွန်တော်နဲ့Junရိုက်ထားတဲ့ magazineက ရောင်းအား အကောင်းဆုံး magazineတစ်ခုဖြစ်သွားတာကစလိုက်တာဘဲ. IG, Twitter ,Fb followers တွေလည်းတက်လာတယ်. ကျွန်တော်ကအမြဲ ကျွန်တော်နဲ့Junရဲ့အကြောင်းကိုရှာကြည့်နေကြ ဖြစ်လို့ သိနေမိသည် ကျွန်တော်တို့ကိုShip တဲ့ Fan page တွေ ပါပေါ်လာပြီး ကောင်းတဲ့ဘက်ကိုဦးတည်နေသည်..
" ဘယ်လိုလဲ ငါတို့ရဲ့ဆရာဝန်ကြီးရဲ့ မင်းသားပြောင်းလုပ်တော့မလို့ လား "
အနားယူချိန်ကော်ဖီသောက်ဖြစ်ကြတော့ Dae ကဘဲစပြီးစကားဆို လာသည်..
" တော်စမ်းပါကွာ ငါ့အလုပ်ကဆရာဝန်အလုပ် မင်းသားအလုပ် မဟုတ်ဘူး စိတ်လည်းမဝင်စားဘူး "
" ဒီမှာ မင်းကအရမ်းအောင်မြင်နေတာနော် လမ်းကြောင်းပြောင်းရင် ပြောင်းလိုက်တော့ "
" Dae ရာ မစစမ်းပါနဲ့ကွာ "
" ငါအတည်ပြောနေတာ ဟိုရက်တောင် ဦးလေးလီကလာမေးနေ တယ် မင်းအနုပညာနယ်ပယ်ထဲဝင်တော့မှာလားလို့ "
" ဦးလေးလီကမေးတယ် "
စဉ်းစားစရာကပေါ်လာပြီ ဘယ်တုန်းကမှကျွန်တော့်အကြောင်းစိတ် မဝင်စားတဲ့ဦးလေးလီက ဒီရက်တွေကျွန်တော့်ကိုအရမ်းစိတ်ဝင်စား နေတာသိသာပါသည်.. ဟိုရက်ကကျတော့ခွဲစိတ်ဖို့အဆင်ပြေလား မေးတယ် ခုလည်းDaeကိုထပ်မေးတယ်. ကျွန်တော်အတွေးလွန်နေ ပြီလား?
" Dae ပြီးတော့သူကဘာဆက်ပြောလဲ "
" သူ့ကြည့်ရတာမင်းကိုအရမ်းsupportနေသလိုဘဲ "
" ဘာကိုလဲ "
" ဒီလိုကွာ သူကမင်းအနုပညာနယ်ပယ်ထဲဝင်တော့မှာလားမေးတာ ဘဲမဟုတ်ဘူး သူကတအားဝင်စေချင်နေတာ ကောင်းတယ်ချည်း တိုက်တွန်းနေတယ် "
" ဟိုရက်ကလည်းငါ့ကိုဓားတွေပြန်ကိုင်နိုင်ပြီလား လာမေးသေးတယ် ငါကထပ်မတွေးတော့ပေမယ့် အဲ့နေ့ကသူ့ပုံက ငါ့အဖြေအပေါ်စိတ်သက်သာရာရသွားသလိုဘဲ "
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "