//Unicode //
"ခဏအိပ်လိုက်ဦး ငါမင်းစားဖို့အတွက်တစ်ခုခုပြင်ပေးမယ် "
"ငါလူမမာ မဟုတ်ဘူး "
"ငါသိပါတယ် ဒါပေမယ့်မင်းပုံကအားမရှိတဲ့ပုံဖြစ်နေတယ် တစ်ခုခု စားပြီး ဆေးသောက်လိုက်တာကောင်းမယ် "
" ဆရာဝန်ကိုဆေးပြန်ကုနေတာလား ?"
ကျွန်တော်တစ်ယောက်တည်းကြားရုံမျှလေး တီးတိုးရေရွတ်လိုက်မိ တယ်..သူကတော့သေချာကြားလိုက်မိမှာမဟုတ်ဘူး.
" ဘာပြောတာလဲ "
"ဘာမှမဟုတ်ဘူး ငါခဏအိပ်ဦးမယ် "
"အင်း အိပ်လေ. ဒါဆိုငါပြန်.."
သူ့စကားတွေအဆုံးမသတ်လိုက်ခင်မှာဘဲကျွန်တော်သူ့လက်တွေကို လှမ်းပြီးဆွဲထားလိုက်တယ်.. ကျွန်တော်လက်ကဓားကိုင်ဖို့အလိုလို ကြောက်ရွံနေတယ် အတိတ်ကပုံတွေမျက်လုံးတွေပြန်မြင်လာတာ ကြောင့်ကျွန်တော်အော်လိုက်ချင်းဖြစ်တယ်. ခုထိစိုးထိတ်နေတုန်း အိပ်မက်ထဲထိဒီဆိုးဝါးတဲ့အေကြာင်းေတွရောက်လာမှာကို.
"ငါအိပ်မလို့ ဒီတိုင်းလေးငါ့နားမှာငြိမ်ငြိမ်လေးနေပေး "
"......"
"လက်ခဏငှားနော် ငါဒီလိုကိုင်ထားရတာကိုသဘောကျလို့ "
"အိပ်တော့ စကားများတယ် "
ကျွန်တော်မျက်စိမှိတ်ထားရင်းတချက်ပြုံးလိုက်မိတယ်. သူ့ရဲ့မြန်နေ တဲ့ရင်ခုန်သံတွေကကျွန်တော်အပြင်ကနေတောင်ကြားနေရတဲ့အထိ ကျယ်လောင်နေတယ်.သူသတိမထားမိတာလား? သူအခုလိုအနား ရှိနေတဲ့အချိန်ကျွန်တော့်ရင်ထဲကနာကျင်မှုတွေက သက်သာနေသလို ဘဲ. အေးစက်နေတဲ့လေထုကတောင်သူနဲ့အတူရှိနေရင် ကျွန်တော့် အတွက်နွေးထွေးနေတယ်. ဒီလိုလက်ကိုဆုပ်ကိုင်ထားရရင်တော့ အတိုင်းအဆမရှိပေါ့..
.........
"Oma, Appa !! မသွားနဲ့ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်တောင်းပန်ပါတယ် "
"ဆယ်ဟွန်း!! ဘာဖြစ်တာလဲ "
သူ့အနားဘဲစောင့်နေရင်ကျွန်တော်လည်းအိပ်ပျော်နေမိတယ်။ ဆယ်ဟွန်းဆီကအော်သံကြားတော့မှလန့်နိုးလာတာ.. သူကမျက်လုံး တွေမှိတ်ပြီး ဂယောင်ဂတမ်းအော်နေတာ. အိပ်မက်ဆိုးတွေမက် နေပြီထင်တယ်.. ကျွန်တော်သူ့ရဲ့လက်ကိုကိုင်ပြီးလှုပ်နှိုးနေပေမယ့် သူကနိုးမလာဘူး..
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "