//Unicode//
// Congratulations ဆယ်ဟွန်း အားလုံးပုံမှန်ပြန်ဖြစ်သွားပြီ ပေါ့ //
" ဒါကြောင့်ကျွန်တော်အမကိုဖုန်းခေါ်လိုက်တာပေါ့ "
အမနဲ့ဖုန်းမပြောဖြစ်ခဲ့တာနှစ်အတိုင်းအတာတစ်ခုအထိပေါ. အမြဲစာဘဲပို့ဖြစ်တယ် ဒါတောင်သိပ်ပြီးများများစားစားမပို့ဖြစ်ဘူး အဂ်လန်ပြန်သွားပြီး ဒီကကျွန်တော်အဖြစ်တွေက Dae ဆီကနေ ကြားပြီး စိတ်ပြန်လျှော့လို့ ကျွန်တော့်ကိုအဆက်သွယ်ပြန်လုပ်ခဲ့ပေ မယ့်. အရင်အတိုင်းပုံမှန်မဖြစ်ခဲ့.
// တောင်းပန်ပါတယ် //
" ဘာအတွက်လဲ "
// အများကြီးပင်ပန်းခဲ့မှာကို အမကအနားမှာရှိနေပေးသင့်တာ //
" ပြီးခဲ့တာတွေကိုပြန်တွေးမနေပါနဲ့တော့ လက်ရှိ ကျွန်တော်တို့ကြား ကဆက်ဆံရေးအဆင်ပြေနေရင်ရပြီဘဲ "
// ဟုတ်ပါပြီ ငါတို့ရဲ့ဆယ်ဟွန်းလေးကအရွယ်ရောက်လာပြီဘဲ //
" ထင်လို့ပါ ဒါနဲ့အမ Korea ကိုပြန်မလာတော့ဘူးလား "
// ပြန်လာမယ် မင်းလက်ထပ်တဲ့နေ့ကျရင် //
" ဟာ.. သက်သက် ရမယ်ရှာပြန်ပြီ "
// အတည်ပြောနေတာ ငါDaeဆီကသတင်းကြားပါတယ်နော် မင်းကိုတစ်ယောက်ယောက်ကပြောင်းလဲလိုက်တာဆို ဘယ်သူလဲ တော့သူကဆယ်ဟွန်းကိုဘဲမေးကြည့်တဲ့ //
" ဒီကောင်ကတော့ ပါးစပ်ကိုဖွာတယ် "
// လျှောက်ပြောမနေနဲ့ ဘယ်အိမ်ကမိန်းကလေးလဲ //
အမရဲ့စကားကကျွန်တော်ကိုနောက်တစ်ကြိမ်ထပ်ပြီး အဖြေတွေကို တုန့်ဆိုင်းစေပြန်ပြီ..
" ဟို..မိန်းကလေး .. "
// ပြောပါ ဘယ်အိမ်ကမိန်းကလေးလဲ //
" ဟို. မိန်းကလေးမဟုတ်ဘူး အမ "
// ဟမ်.. ဒါဆို //
" ယောက်ျားလေးပါ သူက ဂျွန်မြောင် "
// ဘာပြောတယ် //
ဖုန်းထဲကနေအမရဲ့အော်သံကစူးစူးဝါးဝါးထွက်လာတာကြောင့် ကျွန်ဝော်ာဖုန်းကိုနားနဲ့ခွာလိုက်မိသည်..
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "