//Unicode//
" ကျွန်တော်မေးနေတယ်လေ အခု ဟွန်း ဘယ်မှာလဲလို့ "
ဆေးရုံခန်းထဲ ဂျွန်မြောင့်ရဲ့အသံဟိန်းကာထွက်လာသည်.. အခြေနေ ကထိန်းဖို့ခက်တာမို့ ဆယ်ဟွန်း ဘယ်သွားတယ်ဆိုတာကိုပြောပြ လိုက်ရသည်။
" မှန်ဘောင်ကျကွဲတာ နမိတ်မကောင်းဘူး ကျွန်တော်လိုက်သွားမယ် "
" မရဘူး မင်းအခုမှနေကောင်းတာနော် ဂျွန်မြောင် "
" ကျွန်တော်စိတ်တွေလေးနေတယ် ဟွန်း.. ဟွန်းတခုခုဖြစ်နေပြီ "
အဖျားခက်တုန်ရီလာတဲ့အသံတွေနဲ့ နောက်တကြိမ်မျက်ရည်ကျမိ ပြန်ပြီ. ဂျွန်မြောင် လက်မှာထိုးထားတဲ့ပိုက်တွေကိုအတင်းဆွဲဖြုတ် ကာ ကုတင်ပေါ်မှဆင်းကာထလာသည်။ မင်ဆော့မနည်းတားပေ မယ့် အတင်းရုန်းကန်ကာ အခန်းပြင်ကိုပြေးထွက်သွားလို့ အမြန် လိုက်ကာဆွဲရသည်..
အခန်းကနေထွက်ပြေးပြီး ဆေးရုံအပေါက်ဝရောက်တော့ .မြင်လိုက် ရတာက လူနာတင်ကားဆီကနေ ခေါင်းကိုအဝတ်ယူအုပ်ပြီးဆေးရုံ
ထဲ သယ်လာတဲ့ လူတစ်ယောက် ။ ဂျွန်မြောင့်ကိုပို၍ ရင်ပူစေသည် က အဝတ်ဖြူအောက်ကထွက်ကျလာတဲ့ ထိုလူလက်ထဲ ဆယ်ဟွန်း ကိုသူဝယ်ပေးထားသည့် လက်ပတ်ကိုမြင်လိုက်ရသည်. နောက်ပြီး
လီရာအွန်းပါ ထိုသယ်လာတဲ့အဝတ်အောက်ကလူကိုကြည့်ကာ ငိုယိုနေသည်.." ရာအွန်း.!! ရာအွန်း ဘာဖြစ်တာလဲ အဲ့ဒါဘာဖြစ်တာလဲ "
ဂျွန်မြောင် ထိုအဝတ်အုပ်အောက်လူအား လက်ညိုးထိုးကာမေး သည်..
" ဂျွန်မြောင် ဟျောင်း.. "
" အေး ဘာဖြစ်တာလဲလို့ !! "
" သေနတ်ထိလာတာ ဆုံးသွားပြီ . အီး. ဟီး.. "
" ဘာ!!! "
ဂျွန်မြောင်ကြမ်းပြင်ပေါ်ကို ပုံ့ပုံ့လေးခွေကျသွားသည်.. သေချာပေါက်သူမြင်လိုက်သည်. သွေးချင်းချင်းနီနေတဲ့လက်ကကိုင် ထားသည့် သူ့ဆယ်ဟွန်းကိုပေးဖူးတဲ့ ဟန်းချိန်းကြိုး.. ဂျွန်မြောင့် ခေါင်းထဲဘာမှမရှိတော့ ဟာလာဟင်းလင်းဖြစ်နေပြီ ။
" မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးမှာလား "
ရာအွန်းကဆေးရုံရှေ့ဘက်ကိုလှည့်ကာငိုပြီးထွက်သွားသည် ။ ခဏနေ မင်ဆော့ ကပါထိုနေရာကိုရောက်လာသည်.
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "