//Unicode//
" ဒါဆိုမင်းကငါ့အဖေကိုသတ်တာပေါ့ ဟုတ်လား!!! "
ခွပ်!!!
ဆယ်ဟွန်းရဲ့ခပ်ကျယ်ကျယ်အော်သံကအခန်းထဲလွင့်ပျံ့သွားပြီး ရုတ်တရက်ဆိုသလိုရာအွန်းရဲ့ပါးပေါ်ကိုကျရောက်လာတဲ့လက်သီး တချက်. ရာအွန်းပြန်လည်ရှောင်တိမ်းဖို့ရည်ရွယ်ချက်မရှိပါ.
" ဆယ်ဟွန်း စိတ်ထိန်းဦး !! "
" ဟွန်း.!! "
ဂျုံဒယ်နဲ့ဂျွန်မြောင်က အမြန်ဆယ်ဟွန်းကိုဝင်ဆွဲသည်.. ထိန်းမရတဲ့ ဆယ်ဟွန်းကအသိစိတ်လွတ်နေတဲ့လူလိုမျိုး သူတို့နှစ်ယောက်လက် ထဲကအတင်းရုန်းထွက်နေသည်..
" ဆယ်ဟွန်း တော်တော့ ဒီကိစ္စကမင်းထိုးကြိတ်နေရုံနဲ့ပြီးမသွားဘူး! "
" လွှတ်စမ်းDae ဒီကောင့်ကိုငါသတ်ပစ်မယ် !! "
" စိတ်လျှော့ပါဦး ဟွန်းရယ် "
" ဖယ်ဆိုကွာ !!! "
" အာ့... "
ဆယ်ဟွန်းအားနဲ့ရုန်းကထွက်လိုက်သည်မို့လက်တဖက်ကဂျွန်မြောင် ကို လက်ပြန်ရိုက်မိသလိုဖြစ်သွားပြီး နောက်သို့လဲကာကျသွားသည်.
" Jun.. "
" ရတယ် ဟွန်း ရတယ် ဘာမှမဖြစ်ဘူး "
" ဘာရတာလဲ ပါးမှာခြစ်မိထားတယ် Junရဲ့ "
ဆယ်ဟွန်းရဲ့လက်သည်းနဲ့ ဂျွန်မြောင့်ပါးကိုချစ်မိသွားတာမို့ ပါးမှာ အစင်းရာက သွေးနည်းနည်းစို့နေသည်..
" မင်းနေဦး ငါ့ကလေးကိုဆေးသွားထည့်ပေးပြီးပြန်လာခဲ့မယ် အဲ့တော့မှရှင်းကြတာပေါ့ Dae သူ့ကိုကြည့်ထား "
" အေးပါ ခြစ်ရာသေးသေးလေးကို ဖြစ်ပျက်နေတာ "
ဂျုံဒယ်ခပ်တိုးတိုးသာညည်းလိုက်သည်. ခြစ်မိတာသေးသေးလေး ဆိုပေမယ့် အိုဆယ်ဟွန်းတို့ ဂျွန်မြောင့်ကိုပွေ့မချီယုံတမယ် အကဲပို ကာ ဧည့်ခန်းကိုခေါ်သွားသည်.. ဧည့်ခန်းထဲကဗီဒိုကိုဖွင့်ပြီး ဆေး သေတ္တာယူပြီး ခြစ်မိထားတဲ့ပါးကို အရက်ပျံနဲ့ဆေးထည့်ပေးကာ ပလာစတာနဲ့ကပ်ပေးသည်..
" ရပါပြီ ဟွန်းရဲ့ သေးသေးလေးခြစ်မိတာကို "
" တောင်းပန်ပါတယ်နော် ကိုယ်အားပါသွားတယ် Jun ရဲ့မျက်နှာ နုနုလေး အမာရွတ်ဖြစ်တော့မယ် "
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "