UNIVERSE (EP.16)

115 24 29
                                    

//Unicode//

ဒီနေ့နဲ့ဆိုကျွန်တော်တို့ရောက်နေတာ3ရက်မြောက်တဲ့နေ့ပါ.. မနက်ဖြန်ကျရင်အိမ်ကိုပြန်ကြပြီး အရင်လိုအလုပ်တွေလည်းပြန် လည်ပတ်ရဦးမယ်လေ.. လွတ်လပ်မှုတွေကိုပြန်ပိတ်လှောင်ပြီး အရင်လိုသူငယ်ချင်းပါဆိုတဲ့လိမ်ညာမှုတွေနဲ့ရှေ့ဆက်ရဦးမယ်.
ဖွင့်ပြောပါလား. ကျွန်တော်ကဖွင့်ပြောချင်တာပေါ့ ဒါပေမယ့် Jun ရဲ့အနာဂတ်ကရှိသေးတယ်လေ. တစ်ကိုယ်ကောင်းမဆန်ချင်ပြန်ဘူး ဒီအခိုက်တန်လေးတွေကိုသိမ်းထားပြီး ကျွန်တော်တို့ချစ်နေကြရင် ဖြစ်တယ်မှလား..

" Jun အေးရင်ကိုယ်တို့အထဲဝင်ကြမယ်လေ "

ညဘက်အိပ်မပျော်တာနဲ့ ကမ်းစပ်မှာသွားထိုင်နေကြတော့ ပင်လယ် ကိုဖြတ်တိုက်လာတဲ့လေပြေအေးလေးကြောင့် Jun က ကိုယ်လေး ကိုကျုံ့ပြီး ကျွန်တော့်ရင်ခွင်ထဲကိုပိုပြီးတိုးလာတယ်..

" မဝင်ချင်သေးပါဘူး ဟွန်းကဖက်ပေးထားတာဘဲ သိပ်မအေးပါဘူး "

" ခေါင်းမာလိုက်‌တာ လက်တွေကဖြင့်အေးနေပြီကို "

" ဟွန်း ကြည့်ကြည့် ဒီညကြယ်တွေကပိုပြီးလှမနေဘူးလား "

" အင်း လှတယ် အရင်ကထက်ပိုလှတယ် ကြည့်ရတာ Jun အနားမှာရှိနေလို့ဖြစ်မယ် "

" စကားတတ်တိုင်းလူကိုအမျိုးမျိုးခြွေနေတော့တာဘဲ "

" တကယ်ပြောတာ ကိုယ်အရင်ကကြယ်တွေကိုကြည့်ဖူးတယ် လှတယ်လို့မထင်မိဘူး ဒါပေမယ့်အခုချိန်မှာလှတယ်လို့ထင်တယ် ကြယ်ကိုကြည့်နေရင်းစိတ်လှုပ်ရှားမိတယ် Junကြောင့်ဘဲလေ "

" ဟွန်း.. "

" ဗျာ "

"ဟွန်း "

" ‌ဗျာ "

" ဟွန်း "

"‌ဗျာ လို့ "

ရင်ခွင်ထဲကနေပြီး ကျွန်တော့်နာမည်ကိုအကြိမ်ကြိမ်ခေါ်နေတယ်. ကောင်းလိုက်တာ ဘဝမှာကိုယ့်ရဲ့နာမည်ကိုခေါ်ပေးမယ့်သူတစ်‌ ယောက်ရှိနေတာ. လုံလောက်ပါပြီ..

" ဟွန်းရဲ့နာမည်ကိုခေါ်ရတာသဘောကျတယ် ပြန်ထူးတဲ့အသံလေး ကိုနားထောင်ရတာလည်း သဘောကျတယ် "

UNIVERSEWhere stories live. Discover now