//Unicode//
နောက်ဆုံးတော့ဆယ်ဟွန်း ရိုက်ကူးရေးလုပ်မယ့်နေ့ကိုရောက်လာပါပြီ..
"ဟွန်း ရင်ခုန်နေတာလား "
"ရင်ကတော့ Junအနားမှာရှိတိုင်းခုန်နေတာဘဲ "
နားနားကပ်ပြီးခပ်တိုးတိုးပြောလာတဲ့အသံကြောင့် ဂျွန်မြောင်ရှက်
ပြီး ဆယ်ဟွန်းရင်ဘတ်ကိုခပ်ဖွဖွရိုက်လိုက်မိသည်.."နားရွက်တွေနီနေပြီ အုပ်ထား သူများကိုဒီလိုအရှက်ပိုနေတဲ့ပုံကိုမပြ နဲ့ သဝန်တိုတယ် "
"ဟွန်း တော်တော့ အဲ့လိုပြောနေတော့ နားတင်မကဘူး တကိုယ်လုံးနီ လာေတာ့မယ် "
" ဟား.. ချစ်ဖို့ကောင်းတယ် "
ဆယ်ဟွန်း သူ့အရှေ့ကမှာရပ်နေတဲ့ယုန်ပေါက်လေးရဲ့လေးရဲ့ပါးကို အသည်းယားလွန်းလို့အသာလေးဆွဲလိုက်သည်.. တကယ့်ကိုနူးနူး ညံ့ညံ့လေး အနုပညာရှင်ဖြစ်နေတာနဲ့မဆိုင်ဘဲ သူ့ရဲ့ပင်ကိုယ်အသား အရည်လေးကိုကဖြူဖွေးနူးညံ့နေတာ. ဆယ်ဟွန်းသိတာပေါ့ အိမ်မှာ ရှိတိုင်း ဒီမိတ်ကပ်မလိမ်းထားတဲ့ပါးလေးကို သူနမ်းနေကြဘဲ ..
"အဟမ်း!!! "
နှစ်ယောက်သားကျီစယ်လို့တောင်မဝသေးဘူး မင်ဆော့ဟျွန်းက ရောက်လာပြီ..
"မင်းတို့တွေအရမ်းပိုပြမနေနဲ့ ခဏနေရိုက်ကူးရေးစတော့မယ် သတိထားနော် မင်းတို့ရဲ့အပြုအမူတွေကို "
"သိပါတယ်ဟျွန်းရဲ့ ဒါဘဲပြီးခဲ့တဲ့ရက်တွေကလည်းမှာနေတာ ကျွန်တော်က professional actor တစ်ယောက်ပါ ဒီလောက် ကတော့သိပါတယ် "
" ဘယ်လောက်ဘဲ professionalဖြစ်နေပါစေလေ မင်းကဟို ကောင့်နားရောက်ရင် ယုန်ပေါက်လေးဖြစ်သွားလွန်းလို့ကိုမှာနေရ တာ "
"ဟား... "
"ဟွန်း မရယ်နဲ့ !!"
မင်ဆော့ရဲ့စကားကြောင့်ဆယ်ဟွန်းအော်ရယ်လိုက်မိသည်. သူရယ် လောက်တော့ရှေ့ကယုန်ပေါက်ကနှုတ်ခမ်းကိုထော်ပြီး သူ့ကိုမရယ် ဖို့ပြောလေရဲ့.. တကယ်ပါ ဆယ်ဟွန်း ဂျွန်မြောင့်ကိုသဘောကျမိတဲ့ အချိန်ကစလို့ ဂျွန်မြောင့်ရဲ့ show တွေဇာတ်လမ်းတွေ ဆယ်ဟွန်း
ကြည့်ဖူးပါသည်. အမြဲတမ်းစမတ်ကျပြီးတည်ကြည်တဲ့ သူရဲ့
တကယ့်ပုံစံကယုန်လုံးလေးလိုချစ်ဖို့ကောင်းနေမယ်လို့ တကယ်မထင်မိဘူး. ချစ်ဖို့ကောင်းတာကအပြင်လုပ်ယူနေတာမျိုး မဟုတ်ဘဲ ပင်ကိုယ်ပုံစံလေးကိုဆယ်ဟွန်းအတွက် အသည်းယား စရာဖြစ်နေတာ..
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "