//Unicode//
"အစောကြီးပြန်ရောက်လာပါလား ဟျွန်း "
မင်ဆော့ဟျွန်း ကိုကျွန်တော်ညနေမှပြန်ရောက်လာမယ်ထင်တာ ရှေ့ နှစ်ရက်ကဖုန်းပြောပြီးတော့ ဒီနေ့မနက်ဘဲကျွန်တော့်ကွန်ဒိုကိုရောက် လာတယ်..
"ပြန်ရောက်တာမနေ့ညထဲက ပင်ပန်းလွန်းလို့မင်းကိုမဆက်သွယ်ဘဲ ငါလည်းအိပ်လိုက်တော့တာ "
"အော် ဒီနေ့တရက်နားပါလား ကျွန်တော်အဆင်ပြေပါတယ် "
"ရပါတယ်ကွာ မင်းလည်းတစ်ယောက်တည်းပင်ပန်းပါတယ်"
"အေးဆေးပါ ဟဲ ဟဲ "
"အမယ် ရယ်လို့ပြုံးလို့ပါလား ပုံမှန်ဆိုအလုပ်နည်းနည်းများတာနဲ့ ညည်းနေတဲ့ကောင်က နေပါဦး အစောကြီးရှိသေးတာ မင်းကပြင်လို့ ဆင်လို့တောင်ပြီးနေပြီ အမြဲငါလာမှအသေအလဲနိုးရတဲ့ကောင်က ဘာတွေပြောင်းလဲနေတာလဲ "
"ကျစ်! ဟျွန်းကလည်းလာတာနဲ့ဗျစ်တောက်ဗျစ်တောက်ပြောပြီ ပြောင်းလဲသွားတာမကောင်းဘူးလား "
"ကောင်းပါတယ် ဒါပေမယ့် ဟိုတစ်ယောက်ကြောင့်ဆိုရင်တော့ မကောင်းဘူး "
"ဘာဆိုင်လို့လဲ "
"ဟျွန်းပြောထားတယ်လေ သူနဲ့မပတ်..."
တီတောင်!!!
ဟျွန်းရဲ့ဩဝါဒကြီးမဆုံးခင်အခန်းရှေ့ကဘဲလ်တီးသံ သေချာတယ် အဲ့ဒါအိုဆယ်ဟွန်းဘဲ. ဒီနေ့ဟျွန်းပြန်ရောက်မှာကိုဆယ်ဟွန်းကိုမ ပြောဖြစ်သေးတော့ သူကျွန်တော့်ပိုပုံမှန်နေ့တွေလို လိုက်ပို့ပေးဖို့ လာခေါ်တာဖြစ်ရမယ်.. ဘဲလ်သံကြောင့်ကျွန်တော်အလိုလိုအူမြူး သွားတယ်. မင်ဆော့ဟျွန်းကတော့ သူသိတယ်ဆိုတဲ့ပုံစံကြီးနဲ့မဲ့ရွဲ့ လို့ကြည့်နေတယ်.. ကျွန်တော်တံခါးကိုအပြေးလေးသွားဖွင့်လိုက် တော့ ထင်တဲ့အတိုင်းဘဲဆယ်ဟွန်း.!
"ဆယ်ဟွန်း "
" အဆင့်သင့်ဖြစ်ရင်သွားမယ်လေ ဂျွန်မြောင် "
"ဘယ်သွားမလို့လဲ! "
မင်ဆော့ဟျွန်း လူပျိုကြီးဖြစ်နေတာမပြောနဲ့ သူများကြည်နူးနေပြီ ဆိုရင်ဖျက်ပြီ. ဟျွန်းရဲ့အော်သံကြောင့် ဆယ်ဟွန်းကိုပါအခန်းထဲ ခဏဝင်လိုက်တယ်. ဆယ်ဟျွန်းကဟျွန်းကိုသေချာနှုတ်ဆက်ပေ မယ့် ဟျွန်းကမျက်နှာတည်နဲ့. သေချာတာဆယ်ဟွန်းကျွန်တော့်ကို နမ်းလိုက်တယ်လို့ပြောတဲ့နေ့ကစပြီး ဟျွန်းကဆယ်ဟွန်းကိုသိပ်မ ကြည်တော့တာဘဲ. ခုအချေခံနေရတဲ့သူကဆယ်ဟွန်းဖြစ်နေပြီ..
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "